၂၀၁၈ခုနှစ်မှာ စောင့်ကြည့်ရမည့်အကောင်းဆုံး ခေတ်လွန် သိပ္ပံဇာတ်ကားများ

0
1946

လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်စာလောက်ကတော့ သင့်သာသိပ္ပံရုပ်ရှင်ဇာတ်ကားများ၊ စိတ်ကူးယဉ်သိပ္ပံဝတ္ထုများ ကိုကြိုက်နှစ်သက်သူဖြစ်ခဲ့ပါက သင့်ကိုသီးခြားရုပ်ရှင်ပရိသတ်နေရာတွင်သာ ထားရှိခံခဲ့ရမှာပါ။ သို့သော် ဒီနေ့ခေတ်မှာတော့ လုံးဝခြားနားသွားပါပြီ။ စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်များဟာ အဓိကလူကြိုက်များသည့် ရုပ်ရှင် အမျိုးအစားဖြစ်လာနေပြီး ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျခံကာ စိတ်ကူးယဉ်ဆန်ဆန်အနာဂတ်လွန် ရုပ်ရှင်ဇာတ်ကားများကို တီဗီဖန်သားပြင်ပေါ်မှာ ပြသနေပြီပဲဖြစ်ပါတယ်။

အောက်ဖော်ပြပါဇာတ်ကားတွေကတော့ ၂၀၁၈ခုနှစ်တွင် ရုံကြီး ၊ ရုံသေးများတွင် စောင့်ကြည့်ရမည့် ဇာတ်ကားများ ပဲဖြစ်ပါတယ်။

Ready Player One ( မတ်လ)

        Ready Player One ရုပ်ရှင်ဇာတ်ကားဟာ ကျွန်ုပ်တို့ကိုစိုးရိမ်ထိတ်လန့်စေသည့် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျခံရိုက်ကူးလေ့ရှိသည့်ဟောလိဝုဒ်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ သို့သော် ဒီဇာတ်ကားလေးကတော့ ကွဲပြားတဲ့ပုံစံနဲ့ထွက်ရှိလာမှာပါ။ Steve Spielberg ဆိုသည်မှာ ခေတ်လွန်သိပ္ပံရုပ်ရှင်ဇာတ်ကားများရိုက်ကူးရာတွင် လက်သံပြောင်သည့်သူပဲဖြစ်ပြီး ယခုရုပ်ရှင်ကိုလည်း ဇာတ်အိမ်ခိုင်ခိုင်မာမာဖြင့်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။

၁၉၈၀ခုနှစ်မှအကြောင်းအရာများကိုစားမြုပ်ပြန်ပြထားသည့် ဇာတ်ဝင်ခန်းများလိုသည်ထက်ပိုပြီး ပါရှိနေသော်လည်း Ernest Cline ၏၀တ္ထုတွင် ကျွန်တော်တို့ဟာဆင်းရဲစုတ်ခြာနေသည့်အနာဂတ်မြို့ကြီးတစ်မြို့တွင် နေထိုင်နေပြီး အဆင့်အတန်းနှိမ့်ကျလာသည့်လူ့အဖွဲ့အစည်းမှ ထွက်ပြေးလွတ်မြောက်နိုင်ရန် Virtual Reality World များထဲကိုကွယ်ပျောက်သွားကြသည်ကို ပုံဖော်ထားပါတယ်။ သူ့ရဲ့ဇာတ်ကားမှာ ကွန်ပျူတာအထူးပြုလုပ်ချက်များအတွက် ငွေကြေးများစွာကုန်ကျခံထားမှုနဲ့အတူ Spielberg တစ်ယောက် ဘယ်လို အဆင့်အတန်းမှီမှီနဲ့ ပရိသတ်တွေကိုစိတ်လှုပ်ရှားစေမလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်ပါ။

Mortal Engines (ဒီဇင်ဘာလ)

        Mortal Engines ဇာတ်ကားတွင် မြို့တွေအားလုံးဟာ စက်ယန္တယားများဖြင့်လည်ပတ်လျက်ရှိကာ မြို့ငယ်လေးတွေပြိုပျက်နေပြီး ကမ္ဘာ့ကပ်ဆိုးကြီးကျရောက်နေသည့်ခေတ်ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ Studio Ghibli နှင့်ပူးပေါင်းထုတ်လုပ်ခဲ့သည့် Mad Max ဟူသည့်သိပ္ပံရုပ်ရှင်ဇာတ်ကားလေးနဲ့တူညီသလိုရှိပြီး ကြည့်သင့်သည့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။

Lord of the Rings အဖွဲ့သားတွေဖြစ်တဲ့ Peter Jackson၊ Phillipa Boyens နှင့် Fran Walsh တို့ ဇာတ်ညွန်းရေးသား ထုတ်လုပ်ထားတာဖြစ်ပြီး ဒီဇာတ်ကားလေးဟာ Christian River ၏ပွဲဦးထွက် ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးထားသည့် ကားလေးပဲဖြစ်ပါတယ်။ သူဟာယခင်က ကွန်ပျူတာအထူးပြုလုပ်ချက်များ ဖန်တီးသူပဲဖြစ်ပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ဒီကားလေးဟာသေချာပေါက် ဝေဖန်မှုများစွာခံရနိုင်သော်လည်း ဇာတ်ကား၏ ၀ထ္တုမှာဇာတ်အိမ်တော်တော်ခိုင်လုံတာကိုတွေ့ရမှာဖြစ်ပါတယ်။ ထို့အပြင် ကနေဦးထွက်ရှိထားသည့် Trailer လေးမှာလည်း ဒီလောက်တောင်သေချာအားစိုက်ရိုက်ကူးထားတာဟုတ်ရဲ့လားဆိုပြီး အံ့အားသင့်ရလောက်အောင် အလွန်လန်းတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။

A Wrinkle In Time ( မတ်လ)

        A Wrinkle In Time ၀တ္ထုကတော့ကလေးငယ်များဖွံ့ဖြိုးရေးတွင် များစွာလွှမ်းမိုးမှုရှိသည့် ၀တ္ထုတစ်ပုဒ်ပဲဖြစ်ပါတယ်။ ၁၉၆၂ခုနှစ်တွင်ထုတ်လုပ်ဖြန့်ချီခဲ့ပြီး ယခင်နှစ်အနည်းငယ်အတွင်း ခေတ်လူငယ်စိတ်ကူးယဉ်ဝတ္ထု အဖြစ်ရှေ့ပြေးလေးတစ်ခုပဲဖြစ်ပါတယ်။ ဒီဝတ္ထုလေးဟာ အခြေခံအားဖြင့် အလွန်ကောင်းပြီး အခြားသောအချိန်ခရီးသွားဇာတ်လမ်းများထက်ပိုပြီး စိတ်ကူးယဉ်ဆန်သည့် ၀တ္ထုလေးပါ။

အဲဒီလိုဝတ္ထုလေးကို Disney ကငွေကြေးအမြောက်အမြားကုန်ကျခံကာ ဇာတ်ကားအဖြစ်ပုံသွင်းခဲ့ပေမယ့်  ကနေဦးထွက်ရှိထားသည့် Trailer များအရ ဒီဇာတ်ကောင်းအောင်မြင်နိုင်ပါ့မလားဆိုတာတော့ ပြောရခက်နေပါသေးတယ်။ ရုပ်ရှင်တိုလေးတွေကိုသာရိုက်လေ့ရှိသည့် ဒါရိုက်တာ Ava DuVernay အတွက် ဒီဇာတ်ကားဟာ ၀င်ငွေအရအောင်မြင်မှုရှိနိုင်မလားဆိုတာတော့ မေးခွန်းထုတ်စရာပါ။ ဒီဇာတ်ကားလေးကိုတော့ မည်သို့ပင်ဖြစ်စေ အောင်မြင်စေချင်ကြပေမယ့် အချိန်ကပဲဆက်လက်အဆုံးအဖြတ်ပေးသွားမှာပဲဖြစ်ပါတယ်။

Mute (၂၀၁၈ခုနှစ်ပိုင်းအတွင်း)

        Duncan Jones ကတော့ အလွန်စိတ်လှုပ်ရှားဖွယ်စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်များကို ဖန်တီးနိုင်သည့် လူငယ်ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး Moon and Source Code ဟူသည့်ဇာတ်ကားဖြင့်အောင်မြင်လာသူဖြစ်ပါတယ်။ ထို့နောက် Warcraft ဇာတ်ကားဖြင့်မှေးမှိန်သွားခဲ့ပြီး ယခုအခါ အနာဂတ်နှစ်၄၀ ဘာလင်မြို့ကိုဇာတ်အိမ် အခြေပြုထားသည့် လျို့ဝှက်ဆန်းကြယ်ဆန်ဆန် Mute သိပ္ပံဇာတ်ကားသစ်ဖြင့် သူ့ရဲ့အရည်အချင်းတွေကို ပြန်လည်ဖော်ထုတ်ဖို့ရန် ရောက်ရှိလာပြီပဲဖြစ်ပါတယ်။

အနာဂတ်ခေတ်အပြင်အဆင်များနှင့် ဒီဇာတ်ကားလေးတွင်သူ့ရဲ့ပျောက်ဆုံးသွားတဲ့ချစ်သူကို မြို့တွင်းလိုက်လံရှာဖွယ်နေသည့် အသံတိတ်အဘားစားပွဲထိုးလေးတစ်ယောက်ကို အဓိကရိုက်ကူးထားသည်မှလွဲပြီး Netflix မှထပ်မံဖော်ပြထားခြင်းမရှိပါဘူး။ ဒီဇာတ်ကားလေးကို Moon ဇာတ်ကားရဲ့အဆက်အဖြစ် ရိုက်ကူးထားတာဖြစ်ပြီး လက်ရှိစကြာဝဠာ၏ အနာဂတ်ခေတ်တွင်ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။

Alita : Battle Angel (ဇူလိုင်လ)

        ဒါရိုက်တာ James Cameron အနေနဲ့ဒီဇာတ်ကားလေးကို နှစ်၂၀နီးပါးခန့်အချိန်ယူထားတာဖြစ်ပြီး လွန်ခဲ့သည့်၁၀နှစ်ခန့်က သူ့ရဲ့ Avatar ဇာတ်ကားကိုဦးစွာအသက်သွင်းနိုင်ရန် ဒီကားလေးကိုဘေးဖယ်ထားခဲ့ရတာပဲ ဖြစ်ပါတယ်။ တဖြေးဖြေးနဲ့ပဲ သူဟာ Robert Rodriguez ထံသို့ဒါရိုက်တာအဖြစ်လွဲအပ်ခဲ့ပြီး ၁၈၅မျက်နှာရှိသည့် ဇာတ်ညွန်းတွေနဲ့ စာမျက်နှာ၆၀၀ရှိသည့် အချက်အလက်တွေကို ၂နာရီစာဇာတ်ကားအဖြစ်ပြောင်းလဲစေခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါဇာတ်ကားအမည်နှင့် အံ့သြစရာကွန်ပျူတာအထူးပြုလုပ်ချက်များနှင့်အတူ ယခုဒေါ်လာသန်း၂၀၀တန် ရုံတင်ကားကြီးအတွက် Trailer ကိုသိပ်မကြာခင်ကပဲ ထုတ်လွှင့်ခဲ့ပါပြီ။ ထင်ထားသည့်အတိုင်းပါပဲ ထူးခြားသည့် အသွင်အပြင်နှင့် CGI အထူးပြုလုပ်ချက်နှင့် မျက်လုံးကြီး Anime အရုပ်ကြီးဟာအသက်ဝင်လာပြီပဲဖြစ်ပါတယ်။ ဒီကားလေးဟာ စိတ်ပျက်စရာကောင်းသွားစေနိုင်သော်လည်းအနည်းဆုံးတော့ ကြည့်သင့်စရာကောင်းလောက် စိတ်ပျက်စရာကောင်းတာမျိုးပဲဖြစ်မှာပါ။

High Life (၂၀၁၈ခုနှစ်အတွင်း)

        ၂၀၁၈ခုနှစ်အတွက် လျို့ဝှက်ဆန်းကြယ်ဆုံးနှင့် စိတ်ကူးယဉ်သိပ္ပံပုံရိပ်များဖြင့် ထွက်ရှိလာမည့်ဇာတ်ကားလေးကတော့ High Life ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ ပြင်သစ်ဂန္ဓ၀င် ရုပ်ရှင်ရိုက်ကူးသူ Clarie Denis ရဲ့ပထမဦးဆုံးသော အင်္ဂလိပ်ဘာသာဖြင့်ထွက်ရှိလာမည့် ဇာတ်ကားလေးပါ။ သရုပ်ဆောင်များအဖြစ် Robert Pattinson နှင့် Patricia Arquette တို့ပါဝင်မည့်အဆိုပါရုပ်ရှင်ဇာတ်ကားလေးဟာ စကြာဝဠာတွင်းနက်ကြီးတစ်ခုမှတဆင့် စကြာဝဠာအတွင်းတစ်နေရာကိုသွားရောက်ရမည့် အသက်သေစေနိုင်သည့် စမ်းသပ်မှုတစ်ခုကို သေမိန့်ကျခံရပြီးသည့်ရာဇ၀တ်သားတစ်စုမှ သေမိန့်အစားထိုးအဖြစ်ပါဝင်ဆောင်ရွက်သည့် အကြောင်းကိုရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။

ဒီဇာတ်ကားလေးဟာ ဇာတ်ကွက်အချိုးအကွေ့တွေများတဲ့အတွက် နောက်ထပ်ဘာဆက်ဖြစ်မည်ဆိုတာကို ခန့်မှန်းမရနိုင်လောက်အောင်ပါပဲ။ သို့သော် Denis ၏ ယခင်လက်ရာများကိုကြည့်ခြင်းအားဖြင့် ဒီဇာတ်ကားလေးဟာ စိတ်ကသိကအောင့်ဖြစ်စေပြီး ဇာတ်ရှိန်အေးအေးနဲ့တင်ဆက်သွားနိုင်ပြီး ၂၀၁၈ခုနှစ်အတွင်းထွက်ရှိမည့် အခြားသော သိပ္ပံရုပ်ရှင်ဇာတ်ကားများနှင့်ကွဲပြားနေမှာတော့သေချာပါတယ်။ ဒီဇာတ်ကားလေးအတွက် ရူပဗေဒနှင့်စကြာဝဠာ ကျွမ်းကျင်သူ Aurelien Barrau ကိုအတိုင်ပင်ခံအဖြစ်ခန့်အပ်ထားတာဖြစ်ပြီး ထူးဆန်းသည့်ဒရာမာရိုက်ကွက်များကို ကျစ်လစ်သည့် သိပ္ပံဆိုင်ရာအယူအဆများဖြင့်ဖွဲ့စည်းတည်ဆောက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

Altered Carbon ( ဖေဖော်ဝါရီလ)

        ၂၀၁၆ခုနှစ်ကတည်းက ကနေဦးကြေငြာမှုတွေရှိခဲ့သော်လည်း အတန်ကြာတိမ်မြုပ်နေပြီးနောက် သိပ်မကြာသေးခင်ကမှထွက်ရှိထားသည့် Trailer တစ်ခုနှင့်အတူ ဒီဇာတ်ကားလေးဟာမကြာမီ ပိတ်ကားထက်တွင် ရောက်ရှိလာတော့မှာပါ။ ဇာတ်လမ်းတွဲ ၁၀ပိုင်းပါဝင်မည့်ဒီဇာတ်ကားလေးဟာ Netflix ထုတ်လုပ်ခဲ့သမျှ ဇာတ်လမ်းတွဲများတွင် ငွေကြေးအကုန်အကျအများဆုံးသော် ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ ထို့အပြင် နာမည်ကျော် Game of Thrones ဒါရိုက်တာ Miguel Sapochnik ကလည်းပထမဆုံးသောအပိုင်းကို ဦးဆောင်ရိုက်ကူးပေးမှာပါ။

၂၀၀၂ခုနှစ်ထုတ် Altered Carbon ဟူသည့် စိတ်ကူးယဉ်သိပ္ပံဝတ္ထုတစ်ခုကိုအခြေခံထားသည့် ဒီဇာတ်ကားလေးကို ယခုမှနောင်နှစ်၃၀၀ လူသားတွေရဲ့စိတ်ကို ကိုယ်ခန္ဓာအသစ်များထံသို့ ထည့်သွင်းနိုင်သည့် ကမ္ဘာသစ်တစ်ခုမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး စစ်သားဟောင်းတစ်ယောက်ဟာ သူ့အသက်ခံရသည့် လူသတ်မှုကိုပြန်လည်ဖြေရှင်းရန်အတွက် ဘီလီယံနာတစ်ဦးမှငှားရမ်းခံရသူအဖြစ်တွေ့မြင်ရမှာပါ။ Netflix အနေနဲ့ ဒီဇာတ်ကားကိုအကောင်းဆုံးတင်ဆက်နိုင်ပါက ၂၀၁၈ခုနှစ်၏ အကောင်းဆုံးဇာတ်လမ်းအဖြစ်သတ်မှတ်ခံရမှာပါ။

The First ( ၂၀၁၈ခုနှစ်တွင်း)

        The First ကတော့ ၂၀၁၈ခုနှစ်အတွင်းထွက်ရှိမည့်ဇာတ်ကားဖြစ်ပြီ မည်သို့မည်ပုံထွက်ရှိလာမည်ဆိုတာကိုတော့ သေချာသိရခြင်းမရှိသေးပါဘူး။ Netflix အတွက် House of Cards ရိုက်ကူပေးခဲ့သူ Beau Willimon ဟာ Netflix ကိုရော ဇာတ်လမ်းတွဲကိုပါ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ထားရစ်ခဲ့ပြီးနောက် ယခုအခါ Hulu နှင့်အတူ The First ဇာတ်ကားသစ်ဖြင့်ပြန်လည်ရောက်ရှိလာတာပါ။ လက်ရှိသိရသလောက်ကတော့ ဒီဇာတ်လမ်းတွဲဟာ အင်္ဂါဂြိုလ်ပေါ်သို့ ကမ္ဘာ့လူသားများ၏ပထမဆုံးသောမစ်ရှင် ဟုသာရှိရပါသေးတယ်။

ဇာတ်လမ်းတွဲအတွက်ကုန်ကျငွေပမဏကိုလည်းသိရခြင်းမရှိသေးပေမယ့် Hulu ကတော့ဒီဇာတ်လမ်းတွဲကို အားသွန်ခိုက်စိုက်ကြိုးပမ်းနေတာကို ပထမဆုံးသားဇာတ်လမ်းပိုင်း ၈ပိုင်းအတွက် လျင်မြန်စွာပြင်ဆင်နေပြီး Sean Penn ကိုလည်း ခေါင်းဆောင်မင်းသားအဖြစ်လက်မှတ်ထိုးစာချုပ်ချုပ်ဆိုထားပါတယ်။ ဒါဟာ Penn အတွက်ပထမဆုံးသော အဓိကဇာတ်ကောင်အဖြစ်ပါဝင်ရခြင်းပါပဲ။

Lost in Space ( မေလ)

        ဒီဇာတ်လမ်းတွဲကိုတော့ Netflix မှထုတ်လုပ်ဖြန့်ချီမှာဖြစ်ပြီး ငွေကြေးအကုန်အကျများစွာဖြင့် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ သို့သော် ဒီတစ်ခါမှာတော့ ၁၉၆၀ပြည့်နှစ်ပိုင်းဝထ္တုပေါ်တွင်အခြေခံထားသည့် ဇာတ်လမ်းအမည်ကို အဓိကထားစောင့်ကြည့်ရတော့မှာပါ။ ပထမဆုံးသော်ဇာတ်လမ်းတွဲကို ဂြိုလ်သားကမ္ဘာတွင် လုံးဝအခြေပြုရိုက်ကူးထား အာကာသလွန်းပျံယာဉ်ကြီးတွေကိုတော့သိပ်တွေ့ရဦးမှာမဟုတ်ပါဘူး။

Counterpart (ဇန်န၀ါရီလ)

        အပြိုင်စကြာဝဠာနှစ်ခုအကြောင်းကို လျို့ဝှက်သည်းဖိုဆန်ဆန်ပေါင်းစပ်တင်ပြထားသည့်အတွက် သင့်အနေနဲ့ အကြိုက်ဆုံးရသနှစ်ခုကိုခံစားရမှာပါ။ ဒီဇာတ်ကားလေးမှာတော့ J.K.Simmons ဟာ ဘာလင်အခြေစိုက် အဆင့်နှိမ့်စပိုင်တစ်ယောက် အနေနဲ့သရုပ်ဆောင်ထားပြီး အပြိုင်စကြာဝဠာတစ်ခုအတွင်းသို့သွားနိုင်မည့် လမ်းကြောင်းကိုရှာဖွေနေသူတစ်ယောက်ပါ။ Sliders and The Americans ကဲ့သို့ပင် ဇာတ်လမ်းတွဲအစပိုင်းတွေဟာ အထနှေးသည်ဟုဝေဖန်မှုတွေရှိနေပေမယ့် ဇာတ်လမ်းတွဲအဆုံးမှာတော့ အားလုံးကိုစိတ်ကျေနပ်မှုရှိစေနိုင်မည်ဟု မျှော်လင့်ရပါတယ်။