ဆွဲဆောင်မှုအပြည့်နှင့် စွဲမက်ဖွယ် အပြာရောင် HUAWEI nova 2i Aurora Blue Edition

0
1983

Huawei ရဲ့ ကျော်ကြားတဲ့ Brand ထဲက nova စီးရီးက ဈေးကွက်ထဲ စတင် ဝင်ရောက်လာခဲ့ပါပြီ။ nova series ကို မြန်မာပြည်က Huawei ချစ်သူများအတွက် စတင်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ Camera (၄)လုံးနှင့်အတူ ပွဲထွက်လာပြီး အကောင်းစား စွမ်းဆောင်ရည်များကို ခံစားရတော့မှာဖြစ်ပါတယ်။ Camera (၄)လုံးလို့ ပြောလိုက်တာနဲ့ စာဖတ်သူ ကို အံ့အားသင့်နိုင်ပါတယ်။ အမှန်တကယ်က ရှေ့ကင်မရာ (၂)လုံး နှင့် နောက်ကင်မရာ (၂)လုံးပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ Dual Camera ကတော့ လက်ရှိမှာသိပ်ပြီး မထူးဆန်းတော့ပါဘူး။ သင့်​ရဲ့ ပုံရိပ်​များကို ကြည်​လင်​ပြတ်​သားစွာ ရိုက်​ကူးနိုင်​သလို သင့်စိတ်​ကြိုက်​ အသုံးပြုနိုင်​တဲ့ functions များပါဝင်​လာတာကို​တွေ့ရပါတယ်​။ Focus ကို auto ထားနိုင်​သလို Manual Mode အ​နေနဲ့ချိန်​ညှိနိုင်​တဲ့အတွက်​.. ပုံရိပ်​ကို ​ပေါ်လွင်​​စေမှာ ​သေချာပါတယ်.. ဖုန်းအသုံးပြုသူများကို Huawei ရဲ့ အလယ်အလတ်တန်းစား ဖုန်းဖြစ်တဲ့ HUAWEI nova 2i ကတော့ တကယ့်ကို ဆွဲဆောင်မှုရှိလှပါတယ်။ နောက်ကင်မရာကိုတော့ (16 MP နှင့် 2 MP) ထည့်သွင်းထားပြီး Portrait effect တွေ Bokeh effect တွေနှင့် အလန်းစား ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Portrait effect ကို photo shooter များက​တော့သိကြမှာပါ..သူက အဓိကပုံရိပ်​ကို ကြည်​လင်​ပြတ်​သားစွာဖမ်းယူပြီ ကျန်​အပိုင်းများကို ​ဝေဝါးစွာထားခြင်းပဲ ဖြစ်​ပါတယ်​။ ဒါ့အပြင် Pro-mode နဲ့ သတ်မှတ်ပြီး ရိုက်နိုင်ပါသေးတယ် Professional အတွက်ပေါ့။ Fun-mode ကိုလည်း additional ပါဝင်ပါသေးတယ်။ Pro mode လို့ ဆိုလိုက်တာနဲ့ သင်ရဲ့ ဖန်တီးမှု အတွေး အိုင်ဒီယာများ ပေါင်းစပ်ပြီးရိုက်ကူးနိုင်မှာပါ။

Performance ပိုင်းမှာလည်း အထူးကောင်းမွန်တာတွေ့ရှိရပါတယ်။ Huawei ရဲ့ မူလမိခင် CPU Hisilicon Kirin 659- Octacore ကို အသုံးပြုထားပြီး RAM 4GB နဲ့ Internal storage 64 GB ထည့်သွင်း ထားပေးထားပါတယ်။ ၎င်းတို့ရဲ့ ကိုယ်ပိုင်အစိတ်အပိုင်းများ ၊ UI များ ပေါင်းစပ်လိုက်တဲ့အတွက် ဖုန်း တစ်လုံးရဲ့ Performance စွမ်းရည်က သိသိသာသာ ကောင်းမွန်လာတာကို တွေ့ခဲ့ရပါတယ်။ Network ပိုင်းမှာ Hybrid Dual SIM ဖြစ်တဲ့အတွက် SD card memory သုံးရင် Network SIM တစ်ကဒ်ဘဲ အသုံးပြုခွင့်ရရှိမှာပါ။

HUAWEI nova 2i ရဲ့ ဗူးအတွင်းတွင် USB ကြိုး၊ အားသွင်းတဲ့ Adaptor ရယ်၊ နားကြပ်ရယ် ပါဝင်ပါတယ်။ Guide အချက်အလက်များလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။ ပါးလွှာပြီး အနားကွပ်ထားတဲ့ Design က အသုံးပြုသူကို သက်သောင့်သက်သာဖြင့် အဆင်ပြေစေမှာ သေချာပါတယ်။ Camera ရဲ့ မှန်သားကိုလည်း မပွန်းနိုင်အောင် အထူးပြုလုပ်ထားပြီး အကြမ်းခံနိုင်အောင် ထပ်ဆင့်ဖန်တီးထားတာ တွေ့ရပါတယ်။ ဒါကြောင့်မို့ သင့်ဖုန်းကင်မရာကို အပွန်းစင်းမရှိအောင် ကာကွယ်ပေးထားမှာ သေချာပါတယ်။

HUAWEI nova 2i ရဲ့ ထူးခြားတဲ့ Performance ၊ Camera စွမ်းဆောင်ရည်များက Mid-range ဖုန်းများထဲတွင် အထူးကောင်းမွန်ပြီး ဖုန်းဝယ်ယူရာတွင် မဖြစ်မနေ စဉ်းစားရမှာဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်များမှာ အောက်ပါအတိုင်း လေ့လာကြည့်ပါ။

 

Huawei Nova 2i Specifications

Network

Technology / Frequency Bands GSM : 850/900/1800/1900 MHz HSPA+ : 850/900/1900/2100 MHz

Battery

Type Li – Po
Capacity 3340 mAh
Standby
Talktime

Built

Dimensions 156.2×75.2×7.5 mm
Weight 164 g
Form Factor bar
Colors Black, Blue and Gold

Display

Size 2160 x 1080 pixels
Type color : LCD
Colors 16000000 colors
Secondary Display no

Camera / Imaging / Video

Camera Yes 16MP
Resolution 4640×3480 pixels
Zoom yes
Flash yes
Secondary Camera yes

Secondary Camera

Resolution 4208×3120 pixels
Flash no

Connectivity

Bluetooth Yes
Irda No
Wlan/Wi-fi Yes
USB yes
GPS yes

Data

GPRS Yes
EDGE Yes
3G Yes
Internet Browsing Yes , Android Webkit

Media

Audio Playback Yes
Video Playback Yes
Ringtones 64 polyphonic MP3/MIDI/WAV/AMR
FM Radio Yes
3.5mm Headphone Jack yes

Memory

Inbuilt 64 GB
Memory Slot Yes microSD/TransFlash

Messaging

SMS Yes
MMS Yes
Email Yes

Software

Operating System Android 7.0