UK တွင် Samsung ၏ Galaxy S8 ကိုစွဲမက်ဖွယ်နှင်းဆီပန်းနုရောင် (Rose Pink) ဖြင့်ရရှိနိုင်ပြီ

0
694

 

Samsung မှ Galaxy S8 ကိုယမန်နှစ်ဧပြီလတွင်းက စတင်မိတ်ဆက်ပေးခဲ့ချိန်တွင် စမတ်ဖုန်းအမှတ်အသားတစ်ခုအဖြစ် တဖြေးဖြေးနေရာယူလာသည့် မျက်နှာပြင်ပြည့်အနားသပ်ဘောင်မဲ့ ဒီဇိုင်းအတွက် ကုမ္ပဏီကိုကျော်ကြားစေခဲ့ပါတယ်။ အခုအခါမှာတော့ UK တွင်အဆိုပါဖုန်းကို လှပသည့်အသွင်အပြင်ရှိ နှင်းဆီပန်းနုရောင် (Rose Pink) ဖြင့် ကိုင်ဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

အရောင်သစ်ကို လက်ရှိ Midnight Dark ၊ Orchid Gray ၊ Coral Blue နှင့် Arctic Silver တို့နှင့်အတူ စုစုပေါင်းအရောင် ၅ မျိုးတို့ဖြင့် ရွေးချယ် ၀ယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ ဒါဟာလူတိုင်းအကြိုက်တော့မဟုတ်ပေမယ့် Rose Pink အရောင်ဟာ Galaxy S8 အတွက်ရွေးချယ်စရာအရောင်တစ်မျိုးအဖြစ်ရောက်ရှိလာတာပဲဖြစ်ပါတယ်။

ယခုကဲ့သို့ အပန်းရောင်ဖြင့်ဝယ်ယူရရှိနိုင်ခြင်းသည် ပထမဆုံးမဟုတ်ပါဘူး။ Rose Pink Galaxy S8 တို့ကိုတိုင်ဝမ်နှင့် Samsung ၏အခြေစိုက်နိုင်ငံဖြစ်သည့် တောင်ကိုရီးယားတို့တွင် ယခုအချိန်ထိ ၀ယ်ယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အံ့အားသင့်စရာကတော့ အဆိုပါအရောင်သစ်ကို နိုင်ငံများတွင်လူကြိုက်များကြခြင်းပါပဲ။ ထို့ကြောင် Rose Pink Galaxy S8 ဟာ UK တွင်လူကြိုက်များသည့် ရွေးချယ်စရာဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

အယ်ဒီတာ့အာဘော်

        ယခုကဲ့သို့သောအချိန်တွင် ဒီလိုကြေငြာမိတ်ဆက်လိုက်ခြင်းဟာ စိတ်ကတိကအောင့်နိုင်လှပါတယ်။ လူတွေဟာ Galaxy S8 ကိုဒီလိုပုံစံနှင့်ကိုင်ဆောင်နိုင်ဖို့ မျှော်လင့်နေကြပါသလား။ Galaxy S8 သည် နာမည်ကြီးဖုန်းတစ်လုံးဖြစ်သည်မှန်သော်လည်း ယခုအချိန်သည့် Galaxy S9 ထွက်ရှိတော့မည့် ဇန်န၀ါရီလဖြစ်ပါတယ်။ ထိုသို့သောအချိန်တွင် လူတွေအနေနဲ့ ယခုကဲ့သို့သောအရောင်သစ်နှင့်ဖုန်းအတွက် ငွေများသုံးပစ်မည်ထင်ပါသလား။

ထို့အပြင် Samsung အနေနဲ့ Galaxy S8 နှင့် Galaxy 7 တွင်ကဲ့သို့ပင် Galaxy 9 တွင်လည်း Galaxy 8 ထက်ပိုမိုထူးခြားသည့် ဒီဇိုင်းသစ်နှင့်ထွက်ရှိလာဖို့ရန် အစီအစဉ်မရှိပါဘူး။ ထို့ကြောင့် Galaxy S8 ဟာနောက်လအနည်းငယ်အချိန်ထိ လူများရွေးချယ်စရာစမတ်ဖုန်းတစ်လုံးအဖြစ် ဆက်လက်ရပ်တည်သွားနိုင်ဦးမှာပါ။

သင့်အနေနဲ့ Rose Pink အရောင်နှင့် Galaxy S8 နှင့် S8 Plus တို့ကိုဝယ်ယူလိုပါက Samsung ၏ Online Store နှင့် သတ်မှတ်ဆိုင်များတွင်ဝယ်ယူရရှိနိုင်ပြီပဲဖြစ်ပါတယ်။