iPhone X ကို ယှဉ်ပြိုင်နိုင်စေဖို့ Galaxy S9 ကို ထောက်ပံ့ပေးမယ့် chip ထွက်ရှိလာ

0
1323

Samsung ဟာ ကြာသပတေးနေ့က သူ့ရဲ့ နောက်ထပ်မျိုးဆက်တစ်ခုဖြစ်တဲ့ Exynos chip ကို ပြသခဲ့ပါတယ်။ Galaxy S9 နဲ့ Galaxy Note 9 ဆိုတဲ့ ဒီနှစ်အတွက် flagship တွေမှာ အသုံးပြုမယ့် chip ဖြစ်ပါတယ်။

Exynos 9810 processor ကိုတော့ သူ့ရဲ့ CES 2018 innovation award တွေကို ကြေညာခဲ့တဲ့ နိုဝင်ဘာလအစောပိုင်းမှာ ကြားခဲ့ရတာ ဖြစ်ပါတယ်။ Samsung အနေနဲ့ Exynos 9810 အကြောင်းကို ထုတ်ဖော်ခဲ့တာမဟုတ်ပေမယ့်လည်း iPhone X ကို လိုက်နိုင်မယ့် Samsung ဖုန်းတစ်လုံးမှာ အသုံးပြုသွားမယ်လို့ သိခဲ့ပါတယ်။

octa-core Exynos 9810 ဟာ သူ့ရဲ့အရင်ပရိုဆက်ဆာတွေထက် ပိုမြန်ပါတယ်။ သူ့ရဲ့အမြန်နှုန်းဟာ 2.9GHz အထိ ဖြစ်ပါတယ်။ Samsung ကတော့ လုပ်ဆောင်ချက်တစ်ခုချင်းစီအတွက် နှစ်ဆပိုလုပ်နိုင်စေမယ်လို့ ပြောထားပြီး multi-core performance ကတော့ Galaxy S8 chip နဲ့ ယှဉ်ရင် ၄၀% တိုးလာမှာ ဖြစ်ပါတယ်။ မနှစ်က ပရိုဆက်ဆာထက် ပိုပြီးတော့ စွမ်းအင်ကိုအကျိုးရှိရှိအသုံးချနိုင်မှာဖြစ်ပြီး Samsung ရဲ့ second-gen 10nm FinFET ကိုလည်း တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

နောက်ပြီး “ultra-fast LTE” ကိုလည်း .2Gbps LTE modem ရဲ့ ကျေးဇူးနဲ့ အသုံးပြုနိုင်ဦးမှာပါ။ ဒါကြောင့် ခြောက်ဆပိုမြန်တဲ့ carrier ပေါင်းစပ်မှုကို ဖြစ်စေပါတယ်။

Exynos 9810 ဟာ iPhone X ကို လိုက်နိုင်အောင် ခွင့်ပြုပေးနိုင်ပါ့မလား။ Samsung ဟာ နောင်လာမယ့်ပစ္စည်းတွေမှာ အသုံးပြုနိုင်တဲ့ Exynos 9810 ရဲ့ ထူးခြားမှုတွေကို ပြသပေးတဲ့နေရာမှာ neural network အခြေခံထားတဲ့ လေ့လာသင်ယူမှုတွေနဲ့ အားကောင်းတဲ့လုံခြုံရးစနစ်တွေလည်း ပါဝင်တာတွေ့ရပါတယ်။

ဒီလ cutting-edge နည်းပညာဟာ ပရိုဆက်ဆာကို လူ ဒါမှမဟုတ် ဓါတ်ပုံထဲကပစ္စည်းတွေကို တိတိကျကျသိရှိစေပြီးတော့ ရှာဖွေခြင်း ဒါမှမဟုတ် အမျိုးအစားခွဲခြားခြင်းတွေကို မြန်ဆန်စွာလုပ်ဆောင်နိုင်စေပါတယ်။ ဒီအတွက် depth sensing ၊ သုံးစွဲသူရဲ့မျက်နှာကို 3D အနေနဲ့ scan ဖတ်ခြင်းတွေမှတစ်ဆင့် လုပ်ဆောင်တာ ဖြစ်ပါတယ်။ hardware နဲ့ software နှစ်ခုစလုံးကို ကောင်းကောင်းအသုံးပြုထားတာမို့ hybrid face detection ဟာ ဖုန်းကို အခြားတစ်ယောက်ရဲ့မျက်နှာနဲ့ lock ဖြုတ်ကြည့်အခါမှာ အားကောင်းတဲ့ လုံခြုံရေးစနစ်တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ လုံခြုံရေးပိုင်းဆိုရင်တော့ facial ၊ iris နဲ့ fingerprint တို့လို အရေးပါတဲ့အချက်အလက်တွေနဲ့ ကာကွယ်ထားနိုင်တော့မှာပါ။

နောက်တစ်နည်းဆိုရရင် Samsung ဟာ Face ID လို နည်းပညာကို လုပ်ဆောင်နေတာပါ။ ဒါပေမယ့် တကယ့် Face ID ပြိုင်ဆိုင်မှုကိုတော့ Galaxy S9 အတွက် အဆင်သင့်မဖြစ်သေးပါဘူး။

Apple ရဲ့ Face ID ကတော့ ဒီကနေ့ခေတ်မှာရနိုင်တဲ့ facial recognition တွေထဲမှာ ခေတ်အမီဆုံးပါပဲ။ အထူးသဖြင့် မိုဘိုင်းလ်ဖုန်းတွေထဲမှာ ဖြစ်ပါတယ်။ သူ့ကို ဓါတ်ပုံနဲ့ လှည့်စားလို့မရသလို ငွေပေးချေခြင်းတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ Samsung ရဲ့ 2017 flagship မှာတော့ 2D facial recognition ကို ထောက်ပံ့ပေးထားခဲ့ပေမယ့် သိပ်တော့ မလုံခြုံပါဘူး။

iPhone X ရဲ့ TrueDepth ကင်မရာကတော့ 3D facial recognition ကို အသုံးပြုနိုင်စေပြီးတော့ Animoji နဲ့ အခြားသော app တွေကိုလည်း အသုံးပြုခွင့်ပေးထားပါတယ်။ အဲဒီလို app တွေကို နောင်ထွက်လာမယ့် Samsung ဖုန်းတွေမှာ မြင်ရနိုင်ပါတယ်။ ဒါကြောင့်လည်း “realistic face-tracking filters” ကို အသုံးပြုဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Exynos 9810 ဟာ image processing သီးသန့်လုပ်ဆောင်နိုင်ခြင်း၊ ပိုမိုကောင်းမွန်တဲ့ multi-format (MFC) codec တို့ ပါဝင်ခြင်းကြောင့် မြန်ဆန်ပြီးတော့ စွမ်းအင်သက်သာတဲ့ image နဲ့ visual processing တွေ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ Galaxy S9 ဟာ ဓါတ်ပုံနဲ့ ဗွီဒီယိုတွေကို UHD resolution အထိ ပိုမိုကောင်းမွန်တဲ့ stabilization ၊ real-time out-of-focus photography  နဲ့ အလင်းအားနည်းချိန်မှာတောင် ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံတွေကို Noise နည်နည်း၊ motion blur နည်းနည်းနဲ့ ယူဆောင်လာနိုင်ပါတယ်။

MFC codec ကို primary color တစ်ခုချင်းစီအတွက် 1,024 different tones ဒါမှမဟုတ် အရောင် 1.07 billion ရရှိစေတာမို့ အတော်လေးတိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။ Galaxy S9 မှာ မနှစ်ကဖုန်းထက် ပိုမိုကောင်းမွန်တဲ့ display performance လည်း ရနိုင်ပါတယ်။

ဒီအရာတွေအားလုံးဟာ စာရွက်ပေါ်က အချက်အလက်တွေဖြစ်ပါတယ်။ ဒါပေမယ့် Galaxy S9 နဲ့ Note 9 ကို ဒီနှစ်အတွက် Qualcomm Snapdragon 845 ကိုလည်း အသုံးပြုနိုင်သေးတာကို သတိပြုစေချင်ပါတယ်။ တကယ့်လက်တွေ့မှာ စာရွက်ပေါ်ကအချက်အလက်တွေလောက် ဖြစ်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။