Facebook ရဲ့ တကယ်အရေးကြီးနေတဲ့ ပြဿနာတွေကို ဖြေရှင်းသွားမယ်လို့ Mark Zuckerberg ပြောကြား

0
689

Zuck ကတော့ သူ့ရဲ့ ၂၀၁၈ ခုနှစ်ကို Facebook ပေါ်က အလွဲသုံးစားပြုလုပ်မှုတွေ၊ အမုန်းတရားတွေ၊ နိုင်ငံရပ်ခြားက ၀င်ရောက်နှောင့်ယှက်မှုတွေကို ဖြေရှင်းရင်း ကုန်ဆုံးသွားမယ်လို့ ပြောလိုက်ပါတယ်။

Facebook CEO Mark Zuckerberg ဟာ ကြာသပတေးနေ့မှာ သူ့ရဲ့ တစ်နှစ်တာစိန်ခေါ်မှုဟာ Facebook ပေါ်က အလွဲသုံးစားပြုလုပ်မှုတွေ၊ အမုန်းတရားတွေ၊ နိုင်ငံရပ်ခြားက ၀င်ရောက်နှောင့်ယှက်မှုတွေကို ဖြေရှင်းဖို့ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ လူမှုကွန်ရက်မှာ အကြီးမားဆုံးထဲကတစ်ခုအနေနဲ့ ရေရှည်ရပ်တည်နိုင်ဖို့အတွက် ဒီလိုလုပ်ဆောင်ရမှာဖြစ်ကြာင်း ပြောခဲ့ပါတယ်။ အရင်တုန်းက စိန်ခေါ်မှုတွေလို အေးအေးဆေးဆေး ကျော်လွှားနိုင်မယ့် အမျိုးအစားတွေ မဟုတ်ဘူးလို့ သူကဆိုပါတယ်။

မနှစ်ကတုန်းက Facebook အတွက် ထူးခြားတဲ့နှစ်ပါပဲ၊ သတင်းအမှားတွေ၊ ကလေးသူငယ်များနဲ့ မသင့်တော်တဲ့ အကြမ်းစားဂရပ်ဖစ်တွေ၊ ယူအက်စ်ရွေးကောက်ပွဲကို သူ့ရဲ့ platform ကနေတစ်ဆင့် ရုရှားတွေရဲ့ နှောင့်ယှက်မှုတွေ စတာတွေအတွက် ဖြေရှင်းခဲ့ရပါတယ်။ ဒီလိုအဖြစ်တွေကို တစ်ကမ္ဘာလုံးအတွက် ရှင်းပေးခဲ့ရတာပါ။ Facebook ဟာ လူမှုကွန်ရက်ရဲ့ အလုပ်လုပ်ပုံတွေကို ဖျက်ဆီးနေတဲ့ ပြဿနာတွေကို ဖြေရှင်းခဲ့ရပါတယ်။

“Facebook ဟာ အလွဲသုံးစားပြုမှုတွေနဲ့ အမုန်းတရားတွေကို ကျွန်တော်တို့အသိုင်းအ၀ိုင်းမှာ ကာကွယ်နိုင်ဖို့အတွက် လုပ်စရာတွေ အတော်များပါတယ်။ နိုင်ငံအချင်းချင်းဝင်ရောက် စွက်ဖက်ခြင်းတွေလည်း မရှိအောင်၊ Facebook ပေါ်မှာ အသုံးပြုနေတဲ့အချိန်တွေဟာ အကျိုးမဲ့ကုန်ဆုံးတာမျိုးမဖြစ်အောင် လုပ်ဆောင်ဖို့ လိုပါတယ်” လို့ Zuckerberg က ပြောပါတယ်။ “ကျွန်တော့ရဲ့ ၂၀၁၈ စိန်ခေါ်မှုကတော့ ဒီလိုအရေးပါတဲ့ကိစ္စတွေကို ဖြေရှင်းဖို့ အာရုံစိုက်ခြင်း ဖြစ်ပါတယ်။”

“ကျွန်တော်တို့ကတော့ အမှားတွေအားလုံးကို ကာကွယ်နိုင်မှာ မဟုတ်ပါဘူး” လို့ သူက ထပ်မံပြောပါတယ်။ “ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပေါ်လစီထဲမှာ အမှားတွေအများကြီးရှိနေပြီး ကျွန်တော်တို့ရဲ့ tools တွေကို တလွဲသုံးခွင့်ပေးထားသလို ဖြစ်နေပါတယ်။ တကယ်လို့ ဒီနှစ်မှာသာ အောင်မြင်ခဲ့မယ်ဆိုရင်တော့ ၂၀၁၈ ကို အရှိန်အဟုန်မြှင့်ပြီး သွားနိုင်မှာဖြစ်ပါတယ်။”

ဒီနှစ်အတွက် Zuckerberg ရဲ့ စိန်ခေါ်မှုကတော့ အတော်လေးပြင်းထန်ပြီး အရေးပါတယ်လို့ ဆိုရမှာပါ။ ၂၀၀၉ ခုနှစ်က နက်ခ်တိုင်ဝတ်ဆင်ဖို့ စိန်ခေါ်ခဲ့ပြီးတာ့ ရေရှည်တည်တံ့တဲ့ စီးပွားရေးမော်ဒယ်လ်တစ်ခု တည်ဆောက်ဖို့ အားထုတ်ခဲ့ပါတယ်။ နောက်နှစ်တွေမှာ စာအုပ်ဖတ်ဖို့၊ personal AI တည်ဆောက်ဖို့၊ ပြေးဖို့ အားထုတ်ခဲ့ပါတယ်။

မနှစ်ကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေအပြီးမှာ Zuckerberg ဟာ ယူအက်စ်ပြည်နယ် ၃၀ ကို သွားရောက်ခဲ့ပြီး သမ္မတအရေး လှုပ်ရှားခဲ့ပါတယ်။

ဒီနှစ်အတွက် Zuckerberg ရဲ့ စိန်ခေါ်မှုကတော့ ကမ္ဘာပေါ်က Facebook အတွက်နေရာကို တိုးပွားလာအောင် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားတယ်နဲ့ တူပါတယ်။ ဒီတော့ ၂ဘီလျံကျော်တဲ့ သုံးစွဲသူတွေရှိနေတဲ့ လူမှုကွန်ရက် platform ကို ပိုကောင်းတဲ့အဆင့်တစ်ခုသို့ တက်လှမ်းနိုင်ဖို့ အရေးပါတဲ့အချက်လည်း ဖြစ်နေပြန်ပါတယ်။