Belkin ရဲ့ ၂၀၁၈အတွက် မိုဘိုင်းလ်ထုတ်ကုန်များ စုစည်းမှု

0
747

Belkin ဟာ ဒီနေ့မှာ ၂၀၁၈အတွက် သူ့ရဲ့ ကြိုးမဲ့အားသွင်းစနစ်တွေအပါအ၀င် USB-C power bank ၊ အားအမြန်သွင်း wall charger စတဲ့ မိုဘိုင်းလ်ထုတ်ကုန်တွေကို ကြေညာလိုက်ပါတယ်။

“ဒီနှစ်ဟာ သုံးစွဲသူတွေရဲ့ ရေစီးကြောင်းကို လိုက်တဲ့အနေနဲ့ အားသွင်းတဲ့အပြုအမူတွေ၊ အကောင်းဆုံးသော ကြိုးမဲ့အားသွင်းစနစ်တွေနဲ့ မိုဘိုင်းလ်ပါဝါထုတ်ကုန်တွေကို နောက်တစ်ဆင့်တိုးမြှင့်ုနိုင်အောင် လုပ်ဆောင်ထားပါတယ်” လို့ Belkin ရဲ့ အထွေထွေမန်နေဂျင်း Steve Malony က ပြောပါတယ်။ “ကျွန်တော်တို့ဟာ ဈေးကွက်အတွက် ပထမဆုံးနဲ့ အကောင်းဆုံးဖြစ်ခြင်းကြောင့် ၂၀၁၇ တုန်းကလို ကြိုးမဲ့အားသွင်းထုတ်ကုန်တွေမှာ ကောင်းကောင်းဖြန့်ချိနိုင်လိမ့်မယ်လို့မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ဦးတည်ချက်ကတော့ ပေါင်းစည်းထားတဲ့၊ စပ်ကြောင်းမရှိတဲ့၊ အဆင်ပြေချောမွေ့တဲ့ မိုဘိုင်းလ်ပါဝါခံစားမှုတွေကို သုံးစွဲသူတွေထံ ပေးအပ်ဖို့ ဖြစ်ပါတယ်။ သူတို့အိမ်မှာဖြစ်ဖြစ်၊ အလုပ်မှာဖြစ်ဖြစ်၊ သွားလာနေတာဖြစ်ဖြစ် ဒီခံစားမှု ဖြစ်ရပါမယ်။ ကျွန်တော်တို့ဟာ ဒီဇိုင်းကို လူတွေအတွက်အကြိုက်ဖြစ်လောက်မယ့်ပုံစံ လုပ်ဆောင်ထားတာမို့ ယုံကြည်ချက်အပြည့်ရှိပါတယ်။ စမ်းသပ်ချက်တွေ၊ နမူနာပုံစံငယ်တည်ဆောက်မှုတွေ၊ လုံခြုံစိတ်ချရမှုတွေ၊ ထုတ်လုပ်မှုအပိုင်းတွေ၊ အာမခံပေးမှုတွေက ကျွန်တော်တို့ရဲ့အရည်အသွေးကို မြင့်မားသွားစေပါတယ်။”

အောက်မှာပြထားတဲ့ပစ္စည်းလေးတွေကို ရှိုးလိုက်ပါဦး။

Bold Wireless Charging Pad
● Universal wireless charging pad လေးဟာ Apple ၊ Samsung နဲ့ အခြားသော Qi ရနိုင်တဲ့ ပစ္စည်းတွေမှာ အသုံးပြုနိုင်ပါတယ်။
● 10W output ဟာမြန်ဆန်တဲ့ ကြိုးမဲ့အားသွင်းမှုတွေကို Qi ရနိုင်တဲ့ပစ္စည်းတွေအတွက် ပေးစွမ်းနိုင်ပါတယ်။
● စိတ်ကြိုက်အရောင်တွေ ရွေးချယ်နိုင်ပါတယ်။

  • လျှပ်စစ်သံလိုက် ဆူညံမှုတွေကို အနည်းပါးဆုံးဖြစ်အောင် လုပ်ဆောင်ပေးထားပြီးတော့ လုပ်ဆောင်ချက်တွေကိုလည်း အပြည့်အ၀ အသုံးပြုနိုင်ပါတယ်။
  • 3mm အထူရှိခြင်း
  • Power adapter ပါဝင်ခြင်း
  • Belkin.com/BoldWirelessChargingPad ၂၀၁၈ မှာ ရတော့မှာပါ။

Belkin Unveils 2018 Wireless Charging, Power Bank, and Power Delivery Wall Charger Collection

Wireless Charging Stand
● Universal wireless charging stand လေးဟာ Apple ၊ Samsung နဲ့ အခြားသော Qi ရနိုင်တဲ့ ပစ္စည်းတွေမှာ အသုံးပြုနိုင်ပါတယ်။
● 10W output ဟာမြန်ဆန်တဲ့ ကြိုးမဲ့အားသွင်းမှုတွေကို Qi ရနိုင်တဲ့ပစ္စည်းတွေအတွက် ပေးစွမ်းနိုင်ပါတယ်။

  • ဒေါင်လိုက်ထားထား၊ အလျားလိုက်ထားထား ကြိုက်သလိုထားပါ။
  •  သိသာတဲ့ အကာအကွယ်ပမာဏ၊ တိကျတဲ့ resistor ၊ ပရီမီယမ်ပစ္စည်းတွေနဲ့ အစိတ်အပိုင်းတွေကို အသုံးပြုထားလို့ အားသွင်းနေတဲ့အချိန်မှာ စိတ်အေးအေးထားလို့ ရပါပြီ။
  •  3mm အထူရှိခြင်း
  •  Power adapter ပါဝင်ခြင်း
  • Belkin.com/WirelessChargingStand ၂၀၁၈ မှာ ရတော့မှာပါ။

Belkin Unveils 2018 Wireless Charging, Power Bank, and Power Delivery Wall Charger Collection

Wireless Charging Car Mount
● Universal wireless charging pad လေးဟာ Apple ၊ Samsung နဲ့ အခြားသော Qi ရနိုင်တဲ့ ပစ္စည်းတွေမှာ အသုံးပြုနိုင်ပါတယ်။
● 10W output ဟာမြန်ဆန်တဲ့ ကြိုးမဲ့အားသွင်းမှုတွေကို Qi ရနိုင်တဲ့ပစ္စည်းတွေအတွက် ပေးစွမ်းနိုင်ပါတယ်။
● ဒေါင်လိုက်ထားထား၊ အလျားလိုက်ထားထား ကြိုက်သလိုထားပါ။ ဖုန်းအရွယ်အစားမရွေးပါဘူး။
● 3mm အထူရှိခြင်း
● WiFi ၊ GPS ၊ Bluetooth ၊ Bluetooth နဲ့ အခြားသော data သုံးစွဲမှုတွေနဲ့ ဘတ်ထရီသက်တမ်းကောင်းမွန်အောင်လည်း လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။
● USB port အပိုလည်း ပါဝင်သေးတာမို့ အားသွင်းလို့ ရပါသေးတယ်။
Belkin.com/WirelessChargingCarMount ၂၀၁၈ မှာ ရတော့မှာပါ။

Belkin Unveils 2018 Wireless Charging, Power Bank, and Power Delivery Wall Charger Collection

Dual Wireless Charging Pad
● Universal wireless charging pad လေးဟာ Apple ၊ Samsung နဲ့ အခြားသော Qi ရနိုင်တဲ့ ပစ္စည်းတွေမှာ အသုံးပြုနိုင်ပါတယ်။
● 10W output ဟာမြန်ဆန်တဲ့ ကြိုးမဲ့အားသွင်းမှုတွေကို Qi ရနိုင်တဲ့ပစ္စည်းတွေအတွက် ပေးစွမ်းနိုင်ပါတယ်။ နောက်ပြီး တစ်ပြိုင်နက်တည်း နှစ်လုံးသွင်းနိုင်ပါတယ်။
● multi-device / multi-accessory ကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။
● 3mm အထူရှိခြင်း
● Qi နည်းပညာက device တွေကို အားသွင်းခြင်းနဲ့ ဘတ်ထရီတွေအတွက် အဆင်ပြေချောမွေ့စေပါတယ်။
Belkin.com/DualWirelessChargingPad ၂၀၁၈ မှာ ရတော့မှာပါ။

Belkin Unveils 2018 Wireless Charging, Power Bank, and Power Delivery Wall Charger Collection

Wireless Charging System
●  အများသုံးအတွက် Commercial-grade wireless charging system ဖြစ်ပါတယ်။
● top-mount ၊ flush-mount ၊ sub-surface mount တို့ ပါဝင်ပါတယ်။
● conference rooms ၊ user desktop ၊ လက်လီဆိုင်၊ စားသောက်ဆိုင်၊ ဆေးရုံ၊ ဟော်တယ်တွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။
Belkin.com/DesktopWirelessChargingPad ၂၀၁၈ မှာ ရတော့မှာပါ။

Belkin Unveils 2018 Wireless Charging, Power Bank, and Power Delivery Wall Charger Collection

Pocket Power USB-C 10K
● ပေါ့ပါးတဲ့ power pack လေးက fast charge Qualcomm Quick Charge 3.0 ရနိုင်တဲ့ပစ္စည်းတွေကို ၃၅မိနစ်အတွင်း ၈၀% အထိ သွင်းပေးနိုင်ပါတယ်။
● အိတ်ကပ်ထဲထည့်သွားလို့ရပါတယ်။
● အခြစ်ရာမထင်အောင်လည်း လုပ်ဆောင်ထားပါတယ်။
Belkin.com/PocketPowerUSBC ၂၀၁၈ မှာ ရတော့မှာပါ။

Belkin Unveils 2018 Wireless Charging, Power Bank, and Power Delivery Wall Charger Collection

Home Charger 27W
● Power Delivery နည်းပညာက လုံခြုံမြန်ဆန်တဲ့ အားသွင်းခြင်းကို ပေးနိုင်ပါတယ်။
● Ultrabooks ၊ MacBooks နဲ့ tablets လိုမျိုး အကြီးစားတွေကို အားသွင်းနိုင်ပါတယ်။
Belkin.com/HomeCharger27W ၂၀၁၈ မှာ ရတော့မှာပါ။

Belkin Unveils 2018 Wireless Charging, Power Bank, and Power Delivery Wall Charger Collection

Dual Port Home Charger 27W + USB-C to USB-A Cable
● Power Delivery နည်းပညာက လုံခြုံမြန်ဆန်တဲ့ အားသွင်းခြင်းကို ပေးနိုင်ပါတယ်။
● USB-C port ကနေ 27W power delivery output  ပေးနိုင်ပြီးတော့ USB-A port
ကနေ 12W output ပေးနိုင်ပါတယ်။
●  Belkin.com/DualPortHomeCharger27W၂၀၁၈ မှာ ရတော့မှာပါ။

Belkin Unveils 2018 Wireless Charging, Power Bank, and Power Delivery Wall Charger Collection

Aung Phyo Oo (Myanmar Mobile App)