ပုံစံတူဒီဇိုင်းများဖြင့်သတင်းပေါက်ကြားလာသည့် Sony Xperia XA2 ၊ XA2 Ultra နှင့် L2

0
2660
  • Sony Xperia XA2 ၊ XA2 Ultra နှင့် L2 တို့ဟာ Sony ၏လက်ရှိဒီဇိုင်းအတိုင်းထွက်ရှိလာဖို့ရှိနေပါတယ်။
  • ကြီးကြီးမားမားပြောင်းလဲသွားတာကတော့ လက်ဗွေရာအာရုံခံစနစ်ကို ဖုန်းအနောက်ဖက်သို့ပို့လိုက်တာပဲဖြစ်ပါတယ်။
  • Xperia XA2 သည် ၅လက်မမျက်နှာပြင်အကျယ်ရှိနိုင်ပြီး XA2 Ultra သည် ၆လက်မမျက်နှာပြင်အကျယ်ရှိနိုင်ပါတယ်။

Sony အနေနဲ့ သူ့ရဲ့ Budget ဖုန်းများကိုသွေးသစ်လောင်းရန်ပြင်ဆင်နေသည်နှင့်အမျှ သတင်းပေါက်ကြားမှုတွေလည်း လျင်မြန်စွာ ထွက်ပေါ်လာခဲ့ပါတယ်။ Sony Xperia XA2 ၊ XA2 Ultra နှင့် L2 တို့ကို ဓာတ်ပုံများ၊ လျာထားကွန်ပျူတာဒီဇိုင်းပုံများနှင့်တကွ ထွက်ရှိလာတာကိုတွေ့မြင်ရမှာဖြစ်ပြီး ယခုဖုန်းများဟာ ပုံမှန်ကိုယ်ထည်ပုံစံများအတိုင်း ရှိနေတာကိုတွေ့မြင်ကြရမှာပါ။ @evleaks ကျေးဇူးနှင့် ဖုန်းပုံစံဒီဇိုင်းများကို ပိုမိုကောင်းမွန်စွာကြည့်ရှုနိုင်ပြီပဲဖြစ်ပါတယ်။

ကံမကောင်းစွာပဲ Sony ဟာ သူ့ရဲ့ OmniBalance ဒီဇိုင်းကိုသာအဆိုပါဖုန်းသုံးလုံးတွင်ဆက်လက် အသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။ နောက်လာမည့်ဖုန်းမျိုးဆက်သစ်များတွင် လုံးဝဒီဇိုင်းသစ်ဖြင့်ထွက်ရှိလာလိမ့်မည်ဟု သိပ်မကြာသေးခင်ကမှ Sony မှကိုယ်စားလှယ်တစ်ဦးက အတည်ပြုခဲ့ပါသေးတယ်။ ထွက်ရှိလာသော ဓာတ်ပုံများအရ Sony ဟာ XA2 ၊ XA2 Ultra နှင့် L2 ဖုန်းများကို ယခင်ဖုန်းမျိုးဆက်များအဖြစ် သတ်မှတ်လိုက်တာကို စိတ်ပျက်ဖွယ် မြင်တွေ့ရမှာပါ။

အာရုံခံပစ္စည်းများ၊ ဖုန်းရှေ့ကင်မရာ နှင့်ဖုန်းတံဆိပ်များအတွက် ဖုန်း၏ထိပ်ပိုင်းနှင့် အောက်ခြေကို မျက်နှာပြင်ဘောင်သားများချန်ထားတာကိုတွေ့မြင်ရမှာပါ။ ကံကောင်းစွာပဲ ဘေးမျက်နှာပြင်ဘောင်သားများကတော့ ပိုမိုသေးငယ်လာသလိုပါပဲ။ အဆိုပါမျက်နှာပြင်ဘောင်အကျယ်များနှင့် XA2 အတွက် ၅လက်မမျက်နှာပြင်အကျယ်ရှိ 720p Display ၊ XA2 Ultra အတွက် ၆လက်မမျက်နှာပြင်အကျယ်ရှိ 1020p Display တို့ပါဝင်မှာပဲဖြစ်ပါတယ်။ Display နှစ်ခုလုံးဟာ လက်ရှိနောက်ဆုံးထွက်ဖုန်းများရှိ 18:9 အချိုးထက် 16:9 aspect ratio ရှိနေနိုင်ပါတယ်။

ဖုန်းနောက်ကျောဖက်မှာတော့ ကင်မရာတစ်လုံး၊ Flash နှင့် လက်ဗွေရာအာရုံခံစနစ်တို့ပါဝင်မှာဖြစ်ပါတယ်။ ဒီနေရာမှာတော့ လက်ဗွေရာအာရုံခံစနစ်ထားရှိသည့်ပုံစံမှာ သတိထားစရာပါပဲ။ အဘယ်ကြောင့်ဆိုသော် Sony  ဟာအစဉ်အဆက် Power Button ကိုဖုန်း၏ဘေးတွင်သာတပ်ဆင်လေ့ရှိတာကြောင့်ပါပဲ။ US မှအသုံးပြုသူများကတော့ ကုမ္ပဏီမှ အမေရိကန်တွင် အာရုံခံစနစ်ကိုပိတ်ထားကြောင်း သိပြီးဖြစ်မှာပါ။ သို့သော် ၂၀၁၈ခုနှစ်အတွင်း ထိုသို့ဆက်လက်ဖြစ်ပွားလိမ့်မည်မဟုတ်ဟု မျှော်လင့်ထားကြပါတယ်။

အသေးစိတ်အချက်အလက်များနှင့်ပတ်သက်ပြီး ခိုင်မာသည့်သတင်းများမရှိသေးပေမယ့် သိပ်မကြာခင် ထွက်ရှိလာနိုင်ပါတယ်။ နောက်နှစ်လအတွင်းမှာပဲ CES 2018 နှင့် Mobile World Congress ပွဲများကို ကျင်းပသွားဖို့ရှိနေပြီး Sony မှအဆိုပါဖုန်းများထဲမှတစ်မျိုးကိုတော့ ထိုပွဲများတွင်မိတ်ဆက်ပြသသွားနိုင်ချေရှိပါတယ်။