OnePlus 5T ကိုအျဖဴေရာင္ ဒီဇိုင္းႏွင့္ထပ္မံမိတ္ဆက္

0
1106

Zawgyi Version

OnePlus က OnePlus 5T ကို ႏို၀င္ဘာလမွာ launch လုပ္ခဲ့ပါတယ္။ ဒီlaunch ဟာ OnePlus 5 ထြက္ရွိအျပီး လအနည္းအၾကာမွာ လုပ္ခဲ့ျခင္း ျဖစ္ပါတယ္။ ေစ်းႏႈန္းကေတာ့ အနည္းငယ္ျမင့္မားတယ္လို႕ဆိုေပမယ့္ 18:9 display ၊ အေနာက္ဘက္က လက္ေဗြရာစနစ္ေတြလိုမ်ိဳး သတိျပဳစရာ feature ေတြ ပါ၀င္ပါတယ္။ OnePlus ဟာ အိႏၵိယမွာ Star Wars 5T limited edition ကိုလည္း ထုတ္ေပးခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႕အတြက္ အလားတူဖုန္းမ်ိဳး ေရာက္လာပါျပီ။ Sandstone White OnePlus 5T မွာ Star Wars brand မရွိေပမယ့္လည္း အစားထိုးအေနနဲ႕ ထြက္ေပးလိုက္တယ္လို႕ဆိုႏုိင္ပါတယ္။

standard OnePlus 5T ကိုေတာ့ midnight black နဲ႕သာ ရႏုိင္ျပီး 6GB/64GB ၊ 8GB/128GB ဗားရွင္းတို႕ကို ေဒၚလာ ၄၉၉ ၊ ေဒၚလာ ၅၉၉ ေပးျပီးေတာ့ ၀ယ္ႏုိင္ပါတယ္။ အခုအျဖဴေရာင္ဗားရွင္းအသစ္ကေတာ့ RAM နဲ႕ သိုေလွာင္မႈပမာဏလည္း ပိုျမင့္မွာ ျဖစ္ပါတယ္။ 8GB RAM နဲ႕ 128GB သိုေလွာင္မႈကို ရႏုိင္မွာပါ။ microSD card ေပါက္ကေတာ့ မပါ၀င္ပါဘူး။

black 5T လိုပဲ အျခားအခ်က္အလက္ေတြကေတာ့ အတူတူပါပဲ။ သူ႕မွာ Snapdragon 835 ၊ 6-inch 1080p OLED panel ၊ 16+20MP dual camera ၊ 3,300mAh ဘတ္ထရီနဲ႕ Dash Charge-enabled Type-C port ေတြ ပါ၀င္ပါတယ္။ software ပိုင္းမွာလည္း တထပ္တည္းပါပဲ။ Android 7.1 Nougat ဗားရွင္းရႏုိင္မွာျဖစ္ျပီး တစ္လ၊ ႏွစ္လေလာက္ေနရင္ Oreo update ထြက္လာမွာ ျဖစ္ပါတယ္။

OnePlus ဟာ ေစ်းႏႈန္းကို ျမင့္မထားပါဘူး။ အေၾကာင္းကေတာ့ ဗားရွင္းကို limited အေနနဲ႕ ထားလို႕ပါပဲ။ ဒါေၾကာင့္ black တုန္းကလိုပဲ ေစ်းကေတာ့ အတူတူပါပဲ။ ယူအက္စ္မွာ ေဒၚလာ၅၅၉ ျဖစ္ပါတယ္။ ဥေရာပမွာေတာ့ ယူရို ၅၅၉ ၊ ယူေကမွာ ၄၄၉ေပါင္နဲ႕ ရႏုိင္မွာ ျဖစ္ပါတယ္။

limited edition Sandstone White 5T ကို ဘာေၾကာင့္ ၀ယ္သင့္သလဲ။ ဖန္ေတြအေနနဲ႕ Star Wars ပံုစံကို မရႏုိင္ပါဘူး။ အေရွ႕ပိုင္းမွာ အနက္ေရာင္အေနနဲ႕ရွိေနတုန္းပါပဲ။ ဒါေပမယ့္အေနာက္မွာေတာ့ အျဖဴေပၚမွာ OnePlus logo အနက္ေရာင္ေလးနဲ႕ လွပေအာင္ လုပ္ေဆာင္ထားပါတယ္။ ခလုတ္နဲ႕ ဆင္းကဒ္ေပါက္ေတြကလည္း အနက္ေရာင္ပါပဲ။ အဲဒါကိုက ခ်စ္စရာေကာင္းပါတယ္။ ဒီအရာေလးက ေသးေသးေလးျဖစ္ေနေပမယ့္လည္း ဒီဖုန္းမွာ ကၽြန္ေတာ္အၾကိဳက္ဆံုးအရာတစ္ခု ျဖစ္ေနလို႕ပါပဲ။ အရမ္းကို ေခတ္မီလွပတဲ့ပံုစံ ျဖစ္ေနပါတယ္။

OnePlus ကေတာ့ အျဖဴေရာင္ 5T ဟာ အလူမီနီယမ္ဖရိန္ကို အသံုးျပဳထားဆဲျဖစ္ျပီး white finish ကိုလည္း အဆင့္ေပါင္းမ်ားစြာျဖတ္သန္းျပီး လုပ္ေဆာင္ထားတယ္လို႕ ဆိုပါတယ္။ မ်က္ႏွာျပင္ကိုေတာ့ သဘာ၀သတၳဳေတြနဲ႕ အျဖဴေရာင္ဆီေဆးကို ေပါင္းစပ္ျပီးေတာ့ သုတ္လိမ္းထားတာပါ။ ဒါေၾကာင့္လည္း sandstone ရဲ႕ သြင္ျပင္က အရမ္းမိုက္ေနတာ ျဖစ္ပါတယ္။ ေနာက္ထပ္ UV ကာကြယ္ထားတဲ့အလႊာကိုလည္း ေပါင္းထည့္ထားပါတယ္။ ဒီလုပ္ငန္းစဥ္ဟာ ဖုန္းတစ္လံုးကို ၇၅မိနစ္ေလာက္ အခ်ိန္ယူရတယ္လို႕ ဆိုပါတယ္။ ဒါေၾကာင့္လည္း ဒီဖုန္းကို ေစ်းၾကီးသြားေစတာပါ။

Sandstone White 5T ဟာ သတၳဳကိုယ္ထည္အသံုးျပဳထားတဲ့ အနက္ေရာင္ဗားရွင္းထက္ ေခ်ာေနတာမ်ိဳးကို နည္းပါးေစပါတယ္။ အျဖဴေရာင္ျဖစ္ျပီးေတာ့ အနည္းငယ္ၾကမ္းတမ္းတာေၾကာင့္ အနက္ေရာင္ထက္ေတာ့ ဖုန္မႈန္႕ေတြ ကပ္ျငိႏုိင္ပါတယ္။ ဒီဖုန္းနဲ႕ original “Silk White” OnePlus One ၾကားမွာ လြန္ဆြဲေနရပါတယ္။ ဒါေပမယ့္ OnePlus One မသံုးဖူးတာေၾကာင့္ ဘယ္လိုျဖစ္မလဲဆိုတာ မေျပာတတ္ပါဘူး။ ဒါေပမယ့္လည္း Silk White OPO အသံုးျပဳဖူးတဲ့သူေတြကေတာ့ အတူတူေလာက္ပဲလို႕ ေျပာပါတယ္။

black 5T ကေတာ့ အလူမီနီယမ္ကို အသံုးျပဳထားပါတယ္။ ဒီလိုကိစၥမ်ိဳးေတြ မရွိေတာ့ပါဘူး။ ဒါေပမယ့္လည္း သူ႕ရဲ႕ အလူမီနီယမ္အနားသတ္ထားမႈကေတာ့ အရမ္းကို ေခ်ာေမြ႕ေျပျပစ္ပါတယ္။ black sandstone ဆိုရင္ေတာ့ ပိုေကာင္းမယ္လုိ႕ ေမွ်ာ္လင့္မိပါတယ္။ Sandstone White နဲ႕ ပတ္သတ္တဲ့အပိုဆုကေတာ့ fingerprint sensor ဟာ အျခားပါ၀င္ေနတဲ့ ပစၥည္းေတြထက္ ပိုျပီးေတာ့ ထင္ရွားေနတာ ျဖစ္ပါတယ္။

Sandstone White 5T ကို ဇန္န၀ါရီ ၉ ရက္ေန႕မွာ OnePlus စတိုးမွာ စတင္ေရာင္းခ်မွာျဖစ္ပါတယ္။ အဲဒီဖုန္းကိုေတာ့ limited လုပ္ထားတယ္ဆိုေပမယ့္ အေရအတြက္ဘယ္ေလာက္ရွိသလဲဆိုတာ မသိရေသးပါဘူး။  5T လိုခ်င္တယ္ဆိုရင္ေတာ့ ၀ယ္သင့္တဲ့ဖုန္းတစ္လံုး ျဖစ္ပါတယ္။ အနက္ေရာင္ထက္ ပိုသားနားျပီးေတာ့ ေခ်ာ္တာလည္း သိပ္မရွိေတာ့ပါဘူး။ ဒါကေတာ့ အေတာ္ေလးေကာင္းမြန္တဲ့အခ်က္တစ္ခုပါ။

Unicode Version

OnePlus က OnePlus 5T ကို နိုဝင်ဘာလမှာ launch လုပ်ခဲ့ပါတယ်။ ဒီlaunch ဟာ OnePlus 5 ထွက်ရှိအပြီး လအနည်းအကြာမှာ လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အနည်းငယ်မြင့်မားတယ်လို့ဆိုပေမယ့် 18:9 display ၊ အနောက်ဘက်က လက်ဗွေရာစနစ်တွေလိုမျိုး သတိပြုစရာ feature တွေ ပါဝင်ပါတယ်။ OnePlus ဟာ အိန္ဒိယမှာ Star Wars 5T limited edition ကိုလည်း ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် အလားတူဖုန်းမျိုး ရောက်လာပါပြီ။ Sandstone White OnePlus 5T မှာ Star Wars brand မရှိပေမယ့်လည်း အစားထိုးအနေနဲ့ ထွက်ပေးလိုက်တယ်လို့ဆိုနိုင်ပါတယ်။
standard OnePlus 5T ကိုတော့ midnight black နဲ့သာ ရနိုင်ပြီး 6GB/64GB ၊ 8GB/128GB ဗားရှင်းတို့ကို ဒေါ်လာ ၄၉၉ ၊ ဒေါ်လာ ၅၉၉ ပေးပြီးတော့ ဝယ်နိုင်ပါတယ်။ အခုအဖြူရောင်ဗားရှင်းအသစ်ကတော့ RAM နဲ့ သိုလှောင်မှုပမာဏလည်း ပိုမြင့်မှာ ဖြစ်ပါတယ်။ 8GB RAM နဲ့ 128GB သိုလှောင်မှုကို ရနိုင်မှာပါ။ microSD card ပေါက်ကတော့ မပါဝင်ပါဘူး။
black 5T လိုပဲ အခြားအချက်အလက်တွေကတော့ အတူတူပါပဲ။ သူ့မှာ Snapdragon 835 ၊ 6-inch 1080p OLED panel ၊ 16+20MP dual camera ၊ 3,300mAh ဘတ်ထရီနဲ့ Dash Charge-enabled Type-C port တွေ ပါဝင်ပါတယ်။ software ပိုင်းမှာလည်း တထပ်တည်းပါပဲ။ Android 7.1 Nougat ဗားရှင်းရနိုင်မှာဖြစ်ပြီး တစ်လ၊ နှစ်လလောက်နေရင် Oreo update ထွက်လာမှာ ဖြစ်ပါတယ်။
OnePlus ဟာ ဈေးနှုန်းကို မြင့်မထားပါဘူး။ အကြောင်းကတော့ ဗားရှင်းကို limited အနေနဲ့ ထားလို့ပါပဲ။ ဒါကြောင့် black တုန်းကလိုပဲ ဈေးကတော့ အတူတူပါပဲ။ ယူအက်စ်မှာ ဒေါ်လာ၅၅၉ ဖြစ်ပါတယ်။ ဥရောပမှာတော့ ယူရို ၅၅၉ ၊ ယူကေမှာ ၄၄၉ပေါင်နဲ့ ရနိုင်မှာ ဖြစ်ပါတယ်။
limited edition Sandstone White 5T ကို ဘာကြောင့် ဝယ်သင့်သလဲ။ ဖန်တွေအနေနဲ့ Star Wars ပုံစံကို မရနိုင်ပါဘူး။ အရှေ့ပိုင်းမှာ အနက်ရောင်အနေနဲ့ရှိနေတုန်းပါပဲ။ ဒါပေမယ့်အနောက်မှာတော့ အဖြူပေါ်မှာ OnePlus logo အနက်ရောင်လေးနဲ့ လှပအောင် လုပ်ဆောင်ထားပါတယ်။ ခလုတ်နဲ့ ဆင်းကဒ်ပေါက်တွေကလည်း အနက်ရောင်ပါပဲ။ အဲဒါကိုက ချစ်စရာကောင်းပါတယ်။ ဒီအရာလေးက သေးသေးလေးဖြစ်နေပေမယ့်လည်း ဒီဖုန်းမှာ ကျွန်တော်အကြိုက်ဆုံးအရာတစ်ခု ဖြစ်နေလို့ပါပဲ။ အရမ်းကို ခေတ်မီလှပတဲ့ပုံစံ ဖြစ်နေပါတယ်။
OnePlus ကတော့ အဖြူရောင် 5T ဟာ အလူမီနီယမ်ဖရိန်ကို အသုံးပြုထားဆဲဖြစ်ပြီး white finish ကိုလည်း အဆင့်ပေါင်းများစွာဖြတ်သန်းပြီး လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ မျက်နှာပြင်ကိုတော့ သဘာဝသတ္ထုတွေနဲ့ အဖြူရောင်ဆီဆေးကို ပေါင်းစပ်ပြီးတော့ သုတ်လိမ်းထားတာပါ။ ဒါကြောင့်လည်း sandstone ရဲ့ သွင်ပြင်က အရမ်းမိုက်နေတာ ဖြစ်ပါတယ်။ နောက်ထပ် UV ကာကွယ်ထားတဲ့အလွှာကိုလည်း ပေါင်းထည့်ထားပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ဖုန်းတစ်လုံးကို ၇၅မိနစ်လောက် အချိန်ယူရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဒီဖုန်းကို ဈေးကြီးသွားစေတာပါ။
Sandstone White 5T ဟာ သတ္ထုကိုယ်ထည်အသုံးပြုထားတဲ့ အနက်ရောင်ဗားရှင်းထက် ချောနေတာမျိုးကို နည်းပါးစေပါတယ်။ အဖြူရောင်ဖြစ်ပြီးတော့ အနည်းငယ်ကြမ်းတမ်းတာကြောင့် အနက်ရောင်ထက်တော့ ဖုန်မှုန့်တွေ ကပ်ငြိနိုင်ပါတယ်။ ဒီဖုန်းနဲ့ original “Silk White” OnePlus One ကြားမှာ လွန်ဆွဲနေရပါတယ်။ ဒါပေမယ့် OnePlus One မသုံးဖူးတာကြောင့် ဘယ်လိုဖြစ်မလဲဆိုတာ မပြောတတ်ပါဘူး။ ဒါပေမယ့်လည်း Silk White OPO အသုံးပြုဖူးတဲ့သူတွေကတော့ အတူတူလောက်ပဲလို့ ပြောပါတယ်။
black 5T ကတော့ အလူမီနီယမ်ကို အသုံးပြုထားပါတယ်။ ဒီလိုကိစ္စမျိုးတွေ မရှိတော့ပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ အလူမီနီယမ်အနားသတ်ထားမှုကတော့ အရမ်းကို ချောမွေ့ပြေပြစ်ပါတယ်။ black sandstone ဆိုရင်တော့ ပိုကောင်းမယ်လို့ မျှော်လင့်မိပါတယ်။ Sandstone White နဲ့ ပတ်သတ်တဲ့အပိုဆုကတော့ fingerprint sensor ဟာ အခြားပါဝင်နေတဲ့ ပစ္စည်းတွေထက် ပိုပြီးတော့ ထင်ရှားနေတာ ဖြစ်ပါတယ်။
Sandstone White 5T ကို ဇန်နဝါရီ ၉ ရက်နေ့မှာ OnePlus စတိုးမှာ စတင်ရောင်းချမှာဖြစ်ပါတယ်။ အဲဒီဖုန်းကိုတော့ limited လုပ်ထားတယ်ဆိုပေမယ့် အရေအတွက်ဘယ်လောက်ရှိသလဲဆိုတာ မသိရသေးပါဘူး။ 5T လိုချင်တယ်ဆိုရင်တော့ ဝယ်သင့်တဲ့ဖုန်းတစ်လုံး ဖြစ်ပါတယ်။ အနက်ရောင်ထက် ပိုသားနားပြီးတော့ ချော်တာလည်း သိပ်မရှိတော့ပါဘူး။ ဒါကတော့ အတော်လေးကောင်းမွန်တဲ့အချက်တစ်ခုပါ။

Aung Phyo Oo (Myanmar  Mobile App)