MPT, Telenor , Ooredoo တွေကို ဖုန်းဘေလ် မကုန်အောင် ဘယ်လိုသုံးမလဲ

0
2911

သိပ်မကြာခင် အချိန်မှာ မြန်မာနိုင်ငံကို စတုတ္ထမြောက် အော်ပရေတာလို့ ဆိုလို့ရနိုင်တဲ့ Vietel ၀င်ရောက်လာပါတော့မယ်။  အခု အချိန်မှာတော့  MyanTel Holding အဖြစ် အမည်ပြောင်းလိုက်ပြီ ဖြစ်တဲ့ MyanTel အကြောင်း ကို နောက်ပိုင်းမှာ ထူးထူးခြားခြား ရေးသားတက်ဆက်ပေးသွားပါမယ်။

အခု လက်ရှိအချိန်အထိတော့ ဖုန်း အော်ပရေတာ ၃ ခု ရှိနေပြီး သူတို့ ၃ ခု စလုံးကလည်း အင်တာနက်ကို အကောင်းဆုံး နဲ့ ဈေးအသက်သာဆုံး ဖြစ်အောင် သူ့နည်း၊ သူ့ဟန် နဲ့ ကြိုးစားလျက်ရှိပါတယ်။

(၁)  MPT နဲ့ သက်သာစွာ အင်တာနက်သုံးနည်း

  • သောကြာနေ့မှာ MPTနဲ့ ဖုန်းဘေလ်ဖြည့်ရင် weekend bonus ရပါတယ်..
  • တစ်သောင်းတန် ကဒ်ဖြည့်ရင် 420MB bonus ရပါတယ် ..
  • e-topup နဲ့ဆိုရင်တော့ တစ်သောင်းဖြည့်ရင် 800MB တောင်ရပါတယ် ..
  • Bonus ကို တနင်္ဂနွေနေ့ ည ၁၂နာရီထိသုံးလို့ရပါတယ် ..
  • အဲဒါ ကုန်သွားပါက *700#ကို ဖုန်းခေါ်ပြီး monthly data pack 1G
    ကို ၂၉၉၉ကျပ်နဲ့ ဝယ်လိုက်ရင် Facebook , Wechat , viber , youtube , Pyone play စတာတွေအတွက် 1000MB အပိုရပြန်ပါတယ်။ အဲ့ဒါက HD download တွေ မလုပ်တဲ့ သာမန်user တွေအနေနဲ့ တနေ့ ၁၂နာရီလောက် လိုင်းဆက်တိုက်သုံးရင်တောင် ၁၅ရက်လောက် သုံးရပါတယ်။
  • အဲဒါ ကုန်သွားရင် ထပ်ပြီး 1GB ဝယ်ပါ .. ဒါမှမဟုတ် သောကြာနေ့စောင့်ပြီး ဘေလ်ဖြည့် bonus နဲ့ စနေတနင်္ဂနွေသုံးပါ။
  • တနင်္လာနေ့မနက်ရောက်မှ monthly plan တစ်ခုခု ထပ်ဝယ်ပါ …
  • ဖုန်းကိုတော့ 4G/LTE mode မှာ မထားမှ ဘေလ်စားသက်သာမှာကိုတော့ မမေ့ပါနဲ့။
  • အဲဒါ ထက် သက်သာချင်ရင်တော့ Facebook ကို mpt free data နဲ့သာ သုံးပါ …

(၂) တယ်လီနော နဲ့ သက်သာစွာ အင်တာနက်သုံးနည်း

  • Data Suboo –
  • 500 MB – 799 ကျပ် ( အချိန်ကန့်သတ်ချက်မရှိ)
  • 14GB –  17999 ကျပ် ( အချိန်ကန့်သတ်ချက်မရှိ)
  • အပတ်စဉ်သုံး 1000MB (499 ကျပ်) – *707#
  • ဇီးကွက် 1MB = 1Kyat (ည ၁၁း၀၀ နာရီ မှ မနက် ၇း၀၀)
    ဇီးကွက် ဟာ အခု စာရေးနေတဲ့ ဇန်န၀ါရီ ၁ ရက်နေ့ ၊ ၂၀၁၈ ခုနှစ်အထိ သုံးစွဲလို့ရသေးပြီး *979*2*3*4# ကို ခေါ်ဆိုပြီး Package အကြီးတွေပါ ၀ယ်ယူလို့ရပါတယ်။

(၃) အော်ရီဒူးနဲ့ သက်သာစွာ အင်တာနက်သုံးနည်း …

  • သောကြာနေ့ Easy Top Up နဲ့ငွေဖြည့်ပြီး သောကြာနေ့တိုင်းမှာ ၅၀% အပိုလက်ဆောင်ရယူပါ။ သောကြာနေ့တိုင်းမှာ Easy Top Up အသုံးပြုပြီး ဖုန်းငွေ ၁,၀၀၀ မှ ကျပ်မှ ၂,၉၉၉ ကျပ် ဖြည့်သွင်းပါက ဖုန်းငွေပမာဏရဲ့ ၁၅% ကို ငွေဖြည့်အပိုလက်ဆောင်ရရှိမှာဖြစ်ပြီး ဖုန်းငွေ ၃,၀၀၀ ကျပ်မှ ၄,၉၉၉ ကျပ်အတွင်း ဖြည့်သွင်းပါက ၃၀% အပိုလက်ဆောင်နဲ့ ဖုန်းငွေ ၅,၀၀၀ ကျပ်နှင့်အထက်ဖြည့်သွင်းပါက ၅၀% အပိုလက်ဆောင်ရရှိမှာဖြစ်ပါတယ်။
  • ဖုန်းငွေ တစ်ခါဖြည့် တခြား ၀န်ဆာင်မှု အားလုံး Free – *4444#
  • ၂၄၉ ကျပ် – အူရီဒူးအချင်းချင်း တစ်နေကုန် ပြော *150#
  • iFlix – ၆လ လစဉ်ကြေးပေးစရာမလို တစ်လကို 1GB နဲ့ ၆ လ –  *600#

 

မှတ်ချက်။ ။
(၁) Service တိုင်းမှာ အပြောင်းအလဲ ရှိနိုင်တဲ့အတွက် အခု ပြောပြထားတဲ့ တချို့ အစီအစဉ်တွေဟာ တစ်ခါတလေ ကိုယ်သုံးလိုက်ချိန်မှ မရနိုင်တာတွေ ရှိနိုင်ပါတယ်။ အဲဒီအတွက် နားလည်ပေးဖို့ မျှော်လင့်ထားပြီး နောက်ပိုင်းမှာ အော်ပရေတာတွေရဲ့  ဆားဗစ်မှန်သမျှကို Myanmar Mobile App Website/App/Facebook တွေကနေ ပုံမှန် တင်ဆက်ဖော်ပြပေးသွားမှာ ဖြစ်တဲ့အကြောင်း သတင်းကောင်းပေးလိုက်ပါရစေ။
(၂) ဒီဆောင်းပါးမှာ မပါဝင်သေးဘဲ သုံးစွဲသူ ကိုယ်တိုင် ဖြစ်ဖြစ်၊ တခြားသူ ပြောထားလို့ ကိုယ်သိထားတဲ့ Service ကလေးတွေ ရှိခဲ့ရင်ဖြစ်ဖြစ် Myanmar Mobile App ဖေ့စ်ဘုတ် ပေ့ခ်ျကနေ တဆင့် အီးမေးလ် ပေးပို့ရေးသားနိုင်ပါတယ် ။

Ref : Telenor Myanmar / MPT / ooredoo myanmar/Hlaing Htae Htar FacebookIP Carrier