Mac systems နဲ႕ iOS device ေတြမွာ ေတြ႕ေနရတဲ့ Meltdown နဲ႕ Spectre bug မ်ား

0
1980

Zawgyi Version
Apple ဟာ Intel နဲ႕ အျခားေသာ chip ထုတ္လုပ္သူေတြရဲ႕ ပရိုဆက္ဆာေတြေၾကာင့္ ျပင္းထန္တဲ့ က်ိဳးေပါက္မႈေတြျဖစ္ေနတယ္လို႕ အတည္ျပဳလုိက္ပါတယ္။
ဒီက်ိဳးေပါက္မႈေတြအေၾကာင္းကို အမ်ားေရွ႕ခ်ျပတဲ့အခ်ိန္မွာ Apple ဟာ Meltdown နဲ႕ Spectre လို႕ေခၚတဲ့ bug ေတြေၾကာင့္ Mac နဲ႕ iOS ေတြမွာ ထိခိုက္မႈေတြျဖစ္ေနတယ္လို႕ အတည္ျပဳထားပါတယ္။
“ဒီကိစၥေတြဟာ modern processor ေတြအားလံုးနဲ႕ သက္ဆုိင္ေနျပီးေတာ့ OS အားလံုးနဲ႕ computing device ေတြအားလံုးနီးပါးမွာ ထိခုိက္ေနပါတယ္။ Mac system နဲ႕ iOS ပစၥည္းေတြအားလံုးမွာ ထိခိုက္ေနပါတယ္။ ဒါေပမယ့္ ဒီက်ိဳးေပါက္မႈေတြအားလံုးကေတာ့ သံုးစြဲသူေတြကို ထိခိုက္ေနတာမဟုတ္ပါဘူး။ ”
Apple ဟာ သံသယျဖစ္ဖြယ္ code ေတြပါ၀င္ေနတဲ့ exploit အမ်ားစုကို ရွင္းျပခဲ့ျပီး သံုးစြဲသူေတြအေနနဲ႕ ယံုၾကည္ရတဲ့ App Store လိုမ်ိဳး source ေတြဆီကေန ေဒါင္းလုတ္ေတြဆြဲသင့္ပါတယ္လို႕ ေျပာခဲ့ပါတယ္။ MacOS (10.13.2) ၊ iOS (11.2) နဲ႕ tvOS (11.2) တို႕လို သူ႕ရဲ႕ ကိုယ္ပုိင္ software update ေတြထုတ္ျပီးေတာ့ ေျဖရွင္းေနပါတယ္။
Safari အတြက္ကေတာ့ Apple ဟာ သံုးစြဲသူေတြအေနနဲ႕ software update ကို Spectre ကို တိုက္ႏုိင္ဖို႕ ထုတ္ေပးသြားမွာမို႕ ေစာင့္ေနဖို႕ ေျပာခဲ့ပါတယ္။ Google နဲ႕ Micorsoft ဆိုကလည္း ဒီတစ္ပတ္အေစာပိုင္းမွာ အဲဒီလို က်ိဳးေပါက္မႈေတြကို ရင္ဆိုင္ေက်ာ္လႊားဖို႕ patch ေတြ လုပ္ေဆာင္ေနခဲ့ပါတယ္။
Unicode Version
Apple ဟာ Intel နဲ့ အခြားသော chip ထုတ်လုပ်သူတွေရဲ့ ပရိုဆက်ဆာတွေကြောင့် ပြင်းထန်တဲ့ ကျိုးပေါက်မှုတွေဖြစ်နေတယ်လို့ အတည်ပြုလိုက်ပါတယ်။
ဒီကျိုးပေါက်မှုတွေအကြောင်းကို အများရှေ့ချပြတဲ့အချိန်မှာ Apple ဟာ Meltdown နဲ့ Spectre လို့ခေါ်တဲ့ bug တွေကြောင့် Mac နဲ့ iOS တွေမှာ ထိခိုက်မှုတွေဖြစ်နေတယ်လို့ အတည်ပြုထားပါတယ်။
“ဒီကိစ္စတွေဟာ modern processor တွေအားလုံးနဲ့ သက်ဆိုင်နေပြီးတော့ OS အားလုံးနဲ့ computing device တွေအားလုံးနီးပါးမှာ ထိခိုက်နေပါတယ်။ Mac system နဲ့ iOS ပစ္စည်းတွေအားလုံးမှာ ထိခိုက်နေပါတယ်။ ဒါပေမယ့် ဒီကျိုးပေါက်မှုတွေအားလုံးကတော့ သုံးစွဲသူတွေကို ထိခိုက်နေတာမဟုတ်ပါဘူး။ ”
Apple ဟာ သံသယဖြစ်ဖွယ် code တွေပါဝင်နေတဲ့ exploit အများစုကို ရှင်းပြခဲ့ပြီး သုံးစွဲသူတွေအနေနဲ့ ယုံကြည်ရတဲ့ App Store လိုမျိုး source တွေဆီကနေ ဒေါင်းလုတ်တွေဆွဲသင့်ပါတယ်လို့ ပြောခဲ့ပါတယ်။ MacOS (10.13.2) ၊ iOS (11.2) နဲ့ tvOS (11.2) တို့လို သူ့ရဲ့ ကိုယ်ပိုင် software update တွေထုတ်ပြီးတော့ ဖြေရှင်းနေပါတယ်။
Safari အတွက်ကတော့ Apple ဟာ သုံးစွဲသူတွေအနေနဲ့ software update ကို Spectre ကို တိုက်နိုင်ဖို့ ထုတ်ပေးသွားမှာမို့ စောင့်နေဖို့ ပြောခဲ့ပါတယ်။ Google နဲ့ Micorsoft ဆိုကလည်း ဒီတစ်ပတ်အစောပိုင်းမှာ အဲဒီလို ကျိုးပေါက်မှုတွေကို ရင်ဆိုင်ကျော်လွှားဖို့ patch တွေ လုပ်ဆောင်နေခဲ့ပါတယ်။
Aung Phyo Oo (Myanmar Mobile App)