eBay မှာ မတန်တဆဈေးနဲ့ ရောင်းချနေတဲ့ Apple ရဲ့ space-gray ကီးဘုတ်များ

0
1380

eBay မှာ ရောင်းချနေသူတွေဟာ သူတို့ရဲ့ iMac Pro ကုန်ကျစရိတ်ကို ကာမိအောင် ရှားပါးတဲ့ space-gray ကီးဘုတ်နဲ့ mouse တွေကို ပြန်ရောင်းနေကြတယ်လို့ သိရပါတယ်။

သင်ဟာ numeric keypad ပါဝင်တဲ့ Apple Magic keyboard ကို ဒေါ်လာ ၁၂၉ နဲ့ ၀ယ်ယူနိုင်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ပုံမှန်အတိုင်းပဲ အဖြူရောင်ကီးတွေပေါ်မှာ ငွေရောင်ရှိတ်လေးတွေ ထည့်ထားတာပါ။ ပျင်းစရာကောင်းပါတယ်။ တကယ့် Mac ပိုင်ရှင်တွေကတော့ space-gray ကီးဘုတ် ၊ trackpad နဲ့ mouse တွေကို လိုချင်ကြတာပါ။ ဒါပေမယ့် ဒါတွေဟာ ဒေါ်လာ ၅၀၀၀ တန် iMacPro နဲ့ တွဲလျက်ပဲ လာတာဖြစ်ပါတယ်။ ဒါကြောင့် eBay ပေါ်မှာ ၀ယ်ယူဖို့ စိတ်ကူးမရှိကြတော့ပါဘူး။

iMac Pro ဟာ ဒီဇင်ဘာအလယ်ပိုင်းလောက်မှာ ရောက်ရှိခဲ့ပြီးတော့ အဲဒီကတည်းက eBay ပေါ်မှာ ဆက်စပ်ပစ္စည်းတွေ ပေါ်နေပါပြီ။ space-gray ကီးဘုတ်ကိုတော့ ဒီဇင်ဘာ၃၁ မှ စတင်ပြီး ဒေါ်လာ ၂၈၅ နဲ့ ရောင်းချခဲ့ပြီးmouse နဲ့ အနက်ရောင်အားသွင်းကြိုးတွေပါ ပေါင်းစည်းထားတဲ့အစုကိုတော့ ဒေါ်လာ ၆၃၅ နဲ့ ရနိုင်ပါတယ်။

ဒါပေမယ့် ဒီနေရာမှာတင် မပြီးသေးပါဘူး။ trackpad အပါအ၀င် space-gray ဆက်စပ်ပစ္စည်းတွေဟာ အင်္ဂါနေ့မှာ ဒေါ်လာ ၁၅၂၄ နဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ ဒါကြောင့် iMac စနစ်ကြီးတစ်ခုလုံးကို ၀ယ်မှ silver keyboard ကို ရတော့မှာပါ။

iMac Pro ကတော့ တကယ့်အကောင်ပါပဲ။ အဲဒီ eBay ရောင်းဈေးမှာ လှည့်စားချက်လေးတွေ ရှိပါတယ်။ ရောင်းချသူတစ်ယောက်ဖြစ်တဲ့ bfriedland174 ဟာ ကီးဘုတ်အစုံလိုက်ကို ရောင်းချတဲ့နေရာမှာ အမြင့်ဆုံးသော ဈေးပေးတဲ့သူတွေဟာ အစစ်တွေမဟုတ်ကြဘူးလို့ ဆိုပါတယ်။ “ဒါဟာ ဒီထုတ်ကုန်နဲ့ တခြားသူတွေနဲ့ ကွာဟနေရခြင်းရဲ့ အကြောင်းရင်း ဖြစ်မယ်လို့ ယူဆပါတယ်” လို့ သူက ဆိုပါတယ်။

ဒီလိုရူးသွပ်မှုကလည်း အကန့်အသတ်ရှိပါတယ်။ နောက်ထပ်ရောင်းချသူတစ်ဦးကလည်း ဒေါ်လာ ၂၄၉၉ နဲ့ ရောင်းချဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ဒီဈေးဟာ iMac Pro ရဲ့ တစ်ဝက်ဈေးဖြစ်ပါတယ်။ ဒီတော့ တစ်ယောက်မှ ဈေးမပေးခဲ့ပါဘူး။ ဒါကြောင့် space-gray ရူးသွပ်သူတွေတောင် မလိုက်နိုင်တဲ့ ဈေးတွေ ဖြစ်နေတာကို တွေ့ရပါတယ်။