၂၀၁၇ ခုနှစ်မှာ ဗွီဒီယိုလေးတင်ပြီးတော့ ဒေါ်လာ၁၁မီလျံရသွားတဲ့ အသက်၇နှစ်အရွယ်ကလေးလေး

0
1946

သင့်အိမ်မှာ YouTube ဗွီဒီယိုတွေကြည့်ရတာကြို့က်တဲ့ ကလေးတွေရှိမယ်ဆိုရင်တော့ Ryan ရဲ့ အရုပ် review တွေကို ကြားဖူးနေမှာပါ။ အဲဒီကလေးဟာ သူကိုယ်တိုင် အရုပ် review တွေရေးနေတဲ့ YoutTube channel လေးတစ်ခု ထောင်ထားပါတယ်။ သူဟာ သူကစားနေတဲ့ အရုပ်တွေနဲ့ ဘုတ်ဂိမ်းတွေအကြောင်းကို review ပြောပြပေးနေတာ ဖြစ်ပါတယ်။

သူ့အသက်၃နှစ်အရွယ်မှာ အမေ၊ အဖေနဲ့အတူ အဲဒီ channel ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ကိုယ်ပိုင် channel တစ်ခုထောင်လို့ရမလားမေးခဲ့ပြီးတော့ အခုလို အရုပ် review တွေကို တင်ခဲ့ပါတယ်။

မတ်လ ၂၀၁၅ ကအစပြုလို့ ဗွီဒီယိုတွေ စတင်ဖန်တီးပြီး တင်ခဲ့ပါတယ်။

သူတို့ရဲ့ ပထမဆုံး ဗွီဒီယိုကတော့ စတိုးဆိုင်မှာ သူ့အတွက် အရုပ်ပေးနေတာ၊ အိမ်ကိုပြန်လာတာ၊ အဲဒီနောက်မှာတော့ အဲဒီအရုပ်လေးနဲ့ ကစားတာကို ရိုက်ပြထားပါတယ်။ ဒီကနေ့အထိ ကြည့်ရှုသူပေါင်း ၃၀မီလျံအထိ ရှိသွားပြီ ဖြစ်ပါတယ်။

၂၀၁၅ ဂျူလိုင်မှာတော့ Disney ရဲ့ Cars theme ကို ဗွီဒီယိုလေးတင်ခဲ့ပြီးနောက်မှာတော့ ပျံ့နှံ့သွားခဲ့ပါတယ်။

အဲဒီ channel လေးမှာ subscriber ပေါင်း ၁၀မီလျံလောက် ရှိနေပြီ ဖြစ်ပါတယ်။ subscriber တစ်ယောက်ဟာ တစ်လကို ဒေါ်လာ၁မီလျံ ရှာပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသောကြည့်ရှုသူတွေနဲ့ ကြော်ငြာတွေဆီကနေလည်း ရနေပါသေးတယ်။

Ryan ဟာ Forbe က ထုတ်ပြန်တဲ့ YouTube ဆယ်လီစာရင်းမှာတောင် ပါခဲ့ပါတယ်။

စစချင်းတုန်းကတော့ သူတို့ရဲ့ဗွီဒီယိုမှာ သူ့အဖေနဲ့ သူပါဝင်ပြီးတော့ အမေက ကင်မရာကိုင်ပြီးတော့ ရိုက်ကူးပေးထားပါတယ်။ နိုဝင်ဘာ ၂၀၁၆ မှာ သူမကိုယ်တိုင်ပါ ၀င်ရောက်ခဲ့ပြီး နောက်ထပ် မိသားစုဝင်နှစ်ယောက်ဖြစ်တဲ့ Emma နဲ့ Kate ဆိုတဲ့ Ryan ရဲ့ အမွှာညီမနှစ်ယောက်ကို ထည့်ခဲ့ပါတယ်။

ဒါကြောင့် သူတို့ရဲ့မိသားစုကို ကိုယ်စားပြုတဲ့ channel တစ်ခု ထပ်မံဖန်တီးခဲ့ပါတယ်။

Kate နဲ့ Emma တို့ လမ်းလျှောက်စသင်တဲ့အချိန်မှာ သူတို့ရဲ့ဖန်တွေအားလုံးက ပျော်မြူးနေပါတယ်။ Ryan နဲ့ မတူတာကတော့ သူကို အသက်သုံးနှစ်အရွယ်မှာ မြင်ရတာ ဖြစ်ပါတယ်။ Kate နဲ့ Emma တို့ ကြီးပြင်းလာတာကို ကြည့်ပြီးတော့ သူတို့ရဲ့ကြည့်ရှုခဲ့ချိန် ဘယ်လောက်ကြာမြင့်နေပြီလဲဆိုတာ သိနိုင်လို့ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တစ်နှစ်ထဲမှာတင် Ryan နဲ့ သူ့မိသားစုဟာ ဒေါ်လာ၁၁မီလျံ ရှာနိုင်ခဲ့ပါတယ်။

Video

https://www.youtube.com/channel/UChGJGhZ9SOOHvBB0Y4DOO_w