ခေတ်သစ်နည်းပညာတွေရဲ့ သမိုင်းဦး အစ ပုံရိပ်များ

0
1301

နည်းပညာဟာ ယနေ့ခေတ်မှာ လျင်မြန်စွာ တိုးတက်နေပါတယ်။ လွန်ခဲ့တဲ့နှစ် ၁၀၀ လောက်က ရခဲ့တဲ့ တချို့နေ့စဉ်အရာဝတ္ထုတွေရဲ့ မူလဗားရှင်းကို ကျွန်တော်တို့ ပြန်ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့မျက်စိကိုတောင် ယုံနိုင်ဖို့ ခက်ခဲပါတယ်။ ဒီမူရင်းပစ္စည်းတွေဟာ ရိုးရှင်းပုံ ရယ်ရပုံ ကိုးရိုးကားရားပုံ ပေါ်ချင်ပေါ်နေမှာပါ။ ဒါပေမဲ့ သူတို့ကပဲ အနာဂတ်က နည်းပညာတွေဖြစ်လာဖို့လမ်းကြောင်းစခဲ့တာပါ။

ကျွန်တော်တို့က ပစ္စည်းဘယ်နှမျိုးလောက်က အတိတ်ကလို တူနေလဲဆိုတာနဲ့ လက်ရှိရှိနေတဲ့ပစ္စည်းတွေနဲ့ ယှဉ်ကြည့်ဖို့ ရှားပါးဓာတ်ပုံတချို့ကို တင်ပေးလိုက်ပါတယ်။

၁။ ရေချိုးဝတ်စုံ

ရှေးကျတဲ့ပန်းချီမှာ ပြထားသလို ဂရိနဲ့ ရောမရေချိုးအိမ်က အမျိုးသမီးတွေဟာ ဘီကနီလို ဝတ်စုံတွေကို ဝတ်ခဲ့ကြပေမဲ့ ၁၈ နဲ့ ၁၉ ရာစုလောက်က အဂ်လန်ကအမျိုးသမီးတွေကတော့သူတို့အသားဖြူတာကိုထိန်းသိမ်းထားဖို့နဲ့ လိင်မှုရေးရာလုံခြုံစေဖို့အတွက် ရေကူးဖို့အသားကပ်ဘောင်းဘီတွေဝတ်သလိုပဲ ရေချိုးတဲ့ ခြေကျင်းဝတ်ဖုံးလက်ရှည်ဂါဝန်တွေကို ဝတ်ခဲ့ကြပါတယ်။

အခုခေတ်မှာတော့ ရေကူးဝတ်စုံတွေဟာ ပိုသေးလာရုံသာမက ပိုပြီးအသုံးတည့်လာပါတယ်။ ၂၀၀၆ ခုနှစ်မှာ နယူးရော့ခ်ဒီဇိုင်နာ Andrew Schneider ဟာ photovoltaicstrips နဲ့တွဲထားတဲ့ ဆိုလာဘီကနီတစ်ထည်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီဘီကနီဟာ သင်ရေကူးပြီးချိန်မှာ သင့်ဖုန်းကိုအားသွင်းနိုင်ပါတယ်။

၂။ ကွန်ပြူတာမောက်စ်

ပထမဆုံးကွန်ပြူတာမောက်စ်ကို Douglas Engelbart က ၁၉၆၀ ခုနှစ်တွေမှာ တီထွင်ခဲ့ပြီး X-Y Position Indicator for a Display System လို့အမည်ပေးခဲ့ပါတယ်။ မောက်စ်ဟာ လေးထောင့်ပုံဖြစ်ပြီး သစ်သားနဲ့ပြုလုပ်ထားတာပါ။ R.A.T.7 လိုမျိုး ခေတ်သစ်ဂိမ်းကစားတဲ့မောက်စ်ဟာ သတ္တုကို အခြေခံပြီး လုပ်ထားတယ်။ USBချိတ်ထားတယ်။ အဆင်ပြေသလို အလျားနဲ့ အလေးချိန်ကို ညှိလို့ရနိုင်တယ်။

၃။ ကလေးလက်တွန်းလှည်း

ပထမဆုံးကလေးတွန်းလှည်းကို ၁၇၃၃ ခုနှစ်မှာ William Kent ကတီထွင်ခဲ့ပါတယ်။ ဆိတ်တစ်ကောင် သို့မဟုတ် ခွေး သို့မဟုတ် မြင်းနဲ့ဆွဲဖို့ ဒီဇိုင်းလုပ်ထားခဲ့တာပါ။ ၁၉ ရာစုလောက်မှာCharles Burton က perambulator လို့ခေါ်တဲ့ ဘီး ၃ ဘီးနဲ့တွန်းတဲ့ဒီဇိုင်းကို ပထမဆုံးတီထွင်ခဲ့ပါတယ်။ ကလေးလက်တွန်းလှည်းတွေဟာ ချမ်းသာတဲ့သူတွေအတွက် စိတ်တိုင်းကျလုပ်ထားတဲ့ လူကြိုက်များပြီး တန်ဆာဆင်ထားတဲ့ ဇိမ်ခံပစ္စည်းမျိုး လျင်လျင်မြန်မြန် ဖြစ်လာပါတယ်။

၎။ ဖုန်စုပ်စက်

Puffing Billy လို့ခေါ်တဲ့ ပထမဆုံးဖုန်စုပ်စက်ကို ၁၉၀၁ ခုနှစ်မှာ Hubert Cecil Booth ကစတင်မိတ်ဆက်ခဲ့တာပါ။ သူ့ကိုဆီအင်ဂျင်နဲ့ ပါဝါပေးထားပြီး သယ်ယူပို့ဆောင်ရေးအတွက်မြင်းကတဲ့ရထားတစ်ခုလိုအပ်ပါတယ်။ ၁၉၀၆ ခုနှစ်မှာ မြင်းကောင်ရေတစ်ကောင်အားမော်တာနဲ့ ၃၀၀ ကီလိုလေးတဲ့ dedusting pump ဆိုတာကို Siemens တွေက စတင်ရောင်းချခဲ့ပါတယ်။

ခေတ်သစ်ဖုန်စုပ်စက်တွေကတော့ အသိဉာဏ်ရှိတဲ့ စမတ်ဖုန်းနဲ့ထိန်းချုပ်နိုင်တဲ့ စက်ရုပ်သန့်ရှင်းရေးသမားတွေဖြစ်ကြပါတယ်။

၅။ ဗီအာမျက်မှန်

ခေတ်သစ်ဗီအာမျက်မှန်တွေရဲ့ မူလပစ္စည်းကို ၁၉၆၃ ခုနှစ်မှာ  Hugo Gernsback ကအစောဆုံးပြုလုပ်ခဲ့တာပါ။ ဒီတယ်လီမျက်မှန်တွေဟာ ၁၄၀ ဂရမ်လေးပြီး ဘက်ထရီသေးသေးလေးတွေကနေဗို့အားနိမ့်တဲ့လျှပ်စီးပြေးနေတဲ့ သေးငယ်တဲ့ cathode-ray ပြွန်တွေနားမှာ တည်ဆောက်ထားပါတယ်။ မျက်မှန်တွေမှာ မျက်လုံးတစ်လုံးချင်းအတွက် သီးသန့်စခရင်ပါရှိပြီး stereoscopic imagesတွေကို ထုတ်ပေးနိုင်ပါတယ်။ ကံမကောင်းစွာပဲ ဒီတီထွင်မှုဟာ ထုတ်လုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။

၆။ စက်ရုပ်

စက်ရုပ်ရောဘတ်ဟာ ကမ္ဘာပေါ်မှာ ပထမဆုံးစက်ရုပ်မဟုတ်ပေမဲ့လည်း သူက ကျော်ကြားမှုရခဲ့တဲ့ ပထမဆုံးတစ်ခုဖြစ်ပါတယ်။ သူ့မှာ ကေဘယ်ကြိုးနဲ့ထိန်းတဲ့ ရီမုကွန်ထရိုးရှိပြီး စကားပြောနိုင်တယ်။ မျက်လုံးတွေကမီးလင်းနိုင်တယ်။ ၁၉၅၀ ခုနှစ်လောက်မှာပါ။ ယနေ့ခေတ်မှာတော့ စုဆောင်းရေးသမားများဟာ ဂန္တဝင်စက်ရုပ်ရောဘတ်အတွက် ဒေါ်လာ ၂၀၀ ကနေ ၁၂၀၀ ထိဘယ်နေရာမှာမဆို ပေးဖို့ အသင့်ဖြစ်နေကြပါတယ်။

၇။ မော်တော်ဆိုင်ကယ်

၁၉ ရာစုလောက်မှာ သိပ္ပံပညာရှင်တွေနဲ့ တီထွင်သူတွေဟာ စက်ဘီးနဲ့ ရေနွေးငွေ့စက် ၂ မျိုးကို အတူတကွ ပေါင်းစပ်တီထွင်ခဲ့တယ်လို့ သိရပါတယ်။ ၁၈၆၇ မှာ အမေရိကန်တီထွင်သူ Sylvester Howard Roperဟာ ဆလင်ဒါ ၂ ခု ရေနွေးငွေ့ကနေ မောင်းလို့ရတဲ့ velocipede ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်း ၁၈၈၅ မှာ ရေနွေးငွေ့အင်ဂျင်ကို ဂတ်စ်အင်ဂျင်အဖြစ်ပြောင်းလဲလိုက်ပါတယ်။ ယနေ့ခေတ်မှာတော့မော်တော်ဆိုင်ကယ်ပေါင်း သန်း ၂၀၀ ကို ကမ္ဘာတစ်ဝှမ်းမှာ သုံးနေကြပါတယ်။

၈။ မိုက်ခရိုဖုန်း

ဘယ်ဘက်ကပုံထဲက မိုက်ခရိုဖုန်းကို တယ်လီဖုန်းအသံထုတ်လွှင့်စက်ကိုသုံးပြီး ၁၈၇၆ ခုနှစ်မှာ  Emile Berliner ကတီထွင်ခဲ့တာပါ။ မိုက်ခရိုဖုန်းမှာ ကာဗွန်လွှာပါးပါးလေးနဲ့ ခြားထားတဲ့ လျှပ်စစ် contact နှစ်ခုပါဝင်ပါတယ်။ contact တစ်ခုကို အသံလှိုင်းက ရိုက်ခတ်လိုက်တဲ့အချိန်မှာ တုန်ခါသွားတဲ့ diaphragm တစ်ခုနဲ့ တွဲထားပါတယ်။ ယခုအသုံးပြုနေတဲ့ မိုက်ခရိုဖုန်းနဲ့ ဆင်တူတဲ့ ကာဗွန်မိုက်ခရိုဖုန်းကို ၁၈၇၈ မှာ တီထွင်ခဲ့ပြီး နောက်ပိုင်း ၁၉၂၀ လောက်မှာ တိုးတက်လာခဲ့ပါတယ်။

၉။ လေယာဉ်ပျံ

ပထမဆုံးလေထက်လေးပြီးထိန်းချုပ်လို့ရတဲ့ လေယာဉ်ပျံကို ၁၉၀၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်မှာ Wright ညီနောင်က စတင်တီထွင်နိုင်ခဲ့ပါတယ်။ တီထွင်သူတွေဟာ လေထဲမှာ ပျံသန်းနိုင်ဖို့ အမျိုးမျိုးသောစက်တွေကိုစမ်းသပ်ခဲ့ပါတယ်။ ပုံထဲကစက်ကတော့ ၁၉၀၇ ခုနှစ်က Horatio Phillips ကစတင်မိတ်ဆက်ခဲ့တဲ့  multiplane ဖြစ်ပါတယ်။ အဲဒါဟာ တောင်ပံအခွဲပေါင်း ၂၀၀ ရှိတဲ့ သူ့ရဲ့ တတိယမြောက်နဲ့ နောက်ဆုံးmultiplane ပါ။ ဒီစက်မှာတော့ ဖိလစ်က ထိန်းချုပ်မရပေမဲ့လည်း ပါဝါပေးထားတဲ့ ပေ ၅၀၀ လောက်ရှိတဲ့ လေယာဉ်ကို ပြုလုပ်ခဲ့တာပါ။

၁၀။ Skype

ယနေ့အခါ လူတိုင်းနီးပါးဟာ ဈေးသက်သာတဲ့ ဗီဒီယိုကောခေါ်ဆိုမှုတွေအတွက် Skype ကိုသုံးကြပါတယ်။ ဖုန်းနဲ့တီဗီကြားဆက်သွယ်ပေးတာက Bell Lab ခန်းက နှစ်ရှည်လများသုတေသနလုပ်ခဲ့တဲ့အရာပါ။ Picturephoneဟာ ၁၉၅၆ ခုနှစ်က New York World’s Fair မှာ အဓိကဆွဲဆောင်မှုတစ်ခုအဖြစ် ပထမဆုံးပွဲဦးထွက်ဖြစ်ခဲ့ပါတယ်။ ရွှေးချယ်ထားတဲ့ ဧည့်သည်တော်တွေဟာ booth တစ်ခုကနေ တခြားတစ်ခုကို ဗီဒီယိုကောခေါ်ဆိုလို့ရနိုင်ပြီး Disneyland ကတူညီတဲ့ booth တစ်ခုဆီကိုတောင် ခေါ်လို့ရပါတယ်။

၁၁။ Kindle e-reader

အံ့ဩစရာကောင်းစွာပဲ Kindle ရဲ့ ပထမဆုံးပုံစံကို ၁၉၂၂ မှာ အမေရိကန်နိုင်ငံသား Bradley Fiske ကတီထွင်ခဲ့တာပါ။ Fiske ရဲ့စာဖတ်စက်ကို သေးငယ်တဲ့မှန်ဘီလူးလေးတွေ ရိုလာတစ်ခုနဲ့ တပ်ဆင်ထားပြီး စကားလုံးပေါင်း၁၀၀၀၀၀ ထက်ပိုတဲ့ ကတ်တွေကို ဖတ်နိုင်ပါတယ်။ စက်ကို စာအုပ်ထုတ်လုပ်ရာမှာ ကုန်ကျစရိတ်သက်သာစေဖို့ ရည်ရွယ်တာဖြစ်ပြီး အခုထိ မအောင်မြင်သေးပါဘူး။

၁၂။ ကင်မရာ

ပုံထဲက ကမ္ဘာ့အကြီးဆုံး mammoth camera ကို ၁၉၀၀ မှာ တည်ဆောက်ခဲ့ပါတယ်။ ကင်မရာဟာ ပေါင် ၉၀၀ လေးပြီး van ထဲကိုတင်ဖို့ လူ ၁၅ ယောက်လောက်လိုပါတယ်။ အဲအချိန်မှာတော့ အကြီးဆုံးပလိတ်ပြားတွေကို ပြုလုပ်ပေးခဲ့ပါတယ်။ အရွယ်တူရထားဓာတ်ပုံကိုရိုက်ဖို့ ဒီဇိုင်းလုပ်ခဲ့တာပါ။အခုခေတ်မှာတော့ သိပ္ပံပညာရှင်တွေဟာ resolution မြင့်တဲ့ ကင်မရာတွေမှာ ဘယ်မျက်နှာပြင်ကိုမဆို ပြောင်းလို့ရအောင် လုပ်ခဲ့ပါတယ်။ ဥပမာအားဖြင့် Columbia University ကသိပ္ပံပညာရှင်တွေဟာ ပါးလွှာကြီးမားပြီးပျော့ပျောင်းတဲ့ အချပ်ပြားကိုသုံးပြီး ပုံရိပ်လုပ်ဖို့ စိတ်ကူးကို ရှာဖွေခဲ့ပါတယ်။