Mark Zuckerberg ဟာ ဒီဇင်ဘာလအတွက် စောင့်ရှောက်ဖို့ ခွင့်ယူခဲ့တာကို ပြန်လည်ဖောက်သည်ချပေးလိုက်တာဖြစ်ပါတယ်
Zuckerberg ဟာ သြဂုတ် ၂၀၁၇ သူ့ရဲ့ဒုတိယမြောက်သမီးလေး မွေးဖွားတုန်းကလည်း လရှည်ခွင့် ယူခဲ့ပါသေးတယ်။ “Facebook ရဲ့လုပ်ငန်းတွေကနေ ခဏနားဦးမယ်”လို့ ဒီနှစ်သြဂုတ်လမှာ ဒုတိယသမီးလေးရထားတဲ့ Facebook CEO က ပြောပါတယ်။ “Facebook မှာ ကျွန်တော်တို့ဟာ မီးဖွားခွင့်နဲ့ ကလေးစောင့်ရှောက်ခြင်းအတွက် လေးလပေးထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လေ့လာချက်တွေအရ အလုပ်လုပ်နေတဲ့မိဘတွေဟာ သူတို့ရဲ့မွေးဖွားလာတဲ့ကလေးတွေအနဲ့လည်း အချိန်ပေးသင့်တယ်လို့ ဆိုထားလို့ပါ။ ဒါဟာ မိသားစုတစ်ခုလုံးအတွက် ကောင်းမွန်ပါတယ်။”
အသက် ၃၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ Zuckerberg ဟာ ၂၀၁၅ တုန်းကလည်း သူ့သမီးလေး Max မွေးတုန်းက နှစ်လခွင့်ယူခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Facebook တည်ထောင်သူဟာ စောင့်ရှောက်မှုခွင့်အတွက် ကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့ ကူညီပေးခဲ့ပါတယ်။
ယူအက်စ်ဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေအကြားမှာ ပူပူနွေးနွေးမိဘဖြစ်လာမယ့်သူတွေအတွက် ခွင့်ပေးဖို့ တွန့်ဆုတ်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ပြည်နယ်ဥပဒေမမရှိတဲ့အတွက်ကြောင့် ကိုယ့်အပေါ်မှာသာ မူတည်နေတယ်လို့ ဆိုရမှာပါ။
နည်းပညာပိုင်းမှာ ချမ်းသာတဲ့လုပ်ငန်းတွေဖြစ်တဲ့ Facebook ၊ Google နဲ့ Apple တို့ကတော့ မိဘတွေကို ဦးစားပေးပါတယ်။ ခွင့်ရက်ရှည်တွေ၊ အလုပ်ခွင်ကလေးစောင့်ရှောက်ရေး၊ အခန်းနေရာပေးခြင်း စတဲ့အခွင့်အရေးတွေ ပေးထားပါတယ်။ ဒါပေမယ့် အလုပ်အခြေအနေအရ မွေးပြီး နှစ်ပတ်အတွင်းမှာ အလုပ်ကိုပြန်လာရတဲ့ ယူအက်စ်က မိခင်တွေလည်း ရှိနေပါသေးတယ်။
၂၀၁၆ မှာတုန်းက San Francisco ဟာ မိဘတွေအတွက်ခွင့်ကို အပြည့်အ၀ပေးတဲ့ ပထမဆုံး ယူအက်စ်မြို့တစ်ခု ဖြစ်လာပါတယ်။ အလုပ်ခွင်နဲ့ အခြားသောနေရာတွေမှာ ကျားမညီမျှရေးအတွက် ကျယ်ပြန့်စွာလုပ်ဆောင်သင့်တယ်လို့ အမျိုးသမီးထုက ကြွေးကြော်ခဲ့ပါတယ်။
Zuckerberg ဟာ စက်တင်ဘာ၂၁ ရက်နေ့မှာ အလုပ်ကိုပြန်လာခဲ့ပြီးတော့ ပြောဆိုခဲ့တာက သူဟာ တစ်ချိန်လုံး အနှီးတွေ၊ နို့ဘူးတွေနဲ့ အချိန်ကုန်ခဲ့တာ မဟုတ်ကြောင်း၊ အဖွဲ့နဲ့ဆွေးနွေးမှုတွေ၊ ယူအက်စ်ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဖြတ်လုပ်ဆောင်မှုတွေ ဆွေးနွေးဖြစ်ခဲ့တယ်လို့ Facebook post မှာ ရေးသားခဲ့ပါတယ်။