Wearable စစ္ပြဲမွာ အနုိင္ရသြားတဲ့ Apple

0
2021

Zawgyi Version

Apple Watch ဟာ ၂၀၁၇ အတြက္ အေရးပါဆံုးေသာ wearable တစ္ခု ျဖစ္လာပါတယ္။

သူဟာ လူငယ္ေတြရဲ႕ wearable ၀တ္ဆင္မႈေစ်းကြက္ကို အခ်ိန္တုိအတြင္း ယူေဆာင္သြားခဲ့ပါတယ္။ Apple ဟာ ပထမဆံုးေသာ စမတ္နာရီကို ၂၀၁၅ ဧျပီလမွာ ျဖန္႕ခ်ိခဲ့တာျဖစ္ျပီး Series 3 ကေတာ့ သူ႕ရဲ႕ third iteration ျဖစ္ပါတယ္။

“Apple ဟာ စမတ္နာရီအလံုးေရ ၃၄.၄ မီလ်ံေလာက္ကို ကမာၻအႏွံ႕ျဖန္ခ်ိခဲ့ပါတယ္။ ဒီပမာဏကေတာ့ ၂၀၁၅ခုႏွစ္၊ သူစတင္၀င္ေရာက္တဲ့ ႏွစ္ကတည္းက ျဖန္႕ခ်ိခဲ့တာ ျဖစ္ပါတယ္” လို႕ Canalys ရဲ႕ ေလ့လာသူတစ္ေယာက္ျဖစ္တဲ့ Vincent Thilke က Mashable ကို အီးေမးလ္မွတစ္ဆင့္ သတင္းေပးပို႕ခဲ့ပါတယ္။ “တစ္နည္းေျပာရမယ္ဆိုရင္ေတာ့ Apple ဟာ စမတ္နာရီေစ်းကြက္ရဲ႕ ၅၁.၆ ရာခိုင္ႏႈန္းကို ျဖန္႕ခ်ိခဲ့တာျဖစ္ပါတယ္။”

ဒီကိန္းဂဏန္းေတြကတာ့ Canalys ရဲ႕ ခန္႕မွန္းခ်က္ကေန ထြက္ရွိလာတာျဖစ္ျပီး Apple ရဲ႕ တရား၀င္ထုတ္ေပးထားတဲ့ အခ်က္အလက္ေတြ မဟုတ္ပါဘူး။ Apple Watch ေရာင္းအားစုစုေပါင္းကို မေဖာ္ျပခဲ့တာမို႕ ေစ်းကြက္အေျခအေန၊ wearable ရဲ႕ ေစ်းကြက္ရွိတဲ့ ပမာဏ စတဲ့အခ်က္အလက္ေတြအေပၚမူတည္ျပီး တြက္ခ်က္ၾကည့္တာ ျဖစ္ပါတယ္။

Apple Watch ေတြရဲ႕ ေအာင္ျမင္မႈကေတာ့ ကမာၻေပၚက လူၾကိဳက္အမ်ားဆံုး band တစ္ခုအေနနဲ႕ ရပ္တည္ႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ ၂၀၁၇ မွာ wearable သရဖူေဆာင္းႏုိင္တဲ့သူက Apple တစ္ခုတည္း မဟုတ္ပါဘူး။

Apple ဟာ wearable စစ္ပြဲကို ဒီႏွစ္မွာႏုိင္သြားရျခင္းက Apple Watch ရဲ႕ standalone ျဖစ္ႏုိင္ေခ်ေတြေၾကာင့္လို႕ ဆိုရမွာပါ။

LTE ခ်ိတ္ဆက္ႏုိင္စြမ္းရွိသြားတာမို႕ iPhone နဲ႕ စမတ္နာရီအၾကားက ဆက္သြယ္မႈကို ျဖတ္ေတာက္ခ်င္ေနပံု ရပါတယ္။ ဒီလို သီးသန္႕ခြဲထြက္ႏုိင္တဲ့လုပ္ေဆာင္ခ်က္က စမတ္ဖုန္းရဲ႕ ဆက္စပ္ပစၥည္းတစ္ခုကို သံုးဖို႕အတြက္ ေဒၚလာမ်ားစြာေပး၀ယ္ေနရျခင္းက ကင္းေ၀းသြားေစပါတယ္။

Feature အသစ္ေတြကေတာ့ ရလာႏုိင္ပါတယ္။ Series 3 ရဲ႕ ပစၥည္းအသစ္ေတြကို လုိခ်င္သူမ်ားျပားေနတာမို႕ ၂၀၁၈ မွာ ေစ်းကြက္ထဲကို ပိုမိုေရာင္းခ်ႏုိင္လိမ့္မယ္လို႕ ေမွ်ာ္လင့္ရပါတယ္။

Apple ဟာ LTE ခ်ိတ္ဆက္ႏုိင္တဲ့ ပထမဆံုးေသာ စမတ္နာရီမဟုတ္ပါဘူး။ LG နဲ႕ Samsung တို႕ကလည္း အဲဒီလိုမ်ိဳး လုပ္ေဆာင္ႏုိင္ပါတယ္။ ဒါေပမယ့္ Aple ကရဲ႕ ေစ်းကြက္ေျပာင္ေျမာက္မႈကေတာ့ အေတာ္ေလးအက်ိဳးသက္ေရာက္မႈရွိသြားတယ္လို႕ ဆိုရမွာပါ။ Thielke ကေတာ့ brand နာမည္ဟာ အဓိကၾကိဳးမဲ့ carrier ေတြအတြက္ ပိုစိတ္၀င္စားတတ္တာမ်ိဳး၊ function အသစ္ေတြထည့္ေပးႏုိင္တာမ်ိဳးေတြေၾကာင့္ ျဖစ္ႏုိင္တယ္လို႕ ယူဆပါတယ္။

Apple ေအာင္ျမင္မႈရဲ႕ အဓိကခ်က္တစ္ခုကေတာ့ fitness အျပင္ အျခားေသာက်န္းမာေရးေတြကိုပါ ခ်ဲ႕ထြင္ႏုိင္ျခင္းေၾကာင့္လို႕ ယူဆပါတယ္။

The Apple Watch Series 3.

“လူေတြဟာ သူတို႕အေၾကာင္း ပိုသိခ်င္ၾကျပီးေတာ့ ပိုမိုေကာင္းမြန္တဲ့ဘ၀ရရွိေအာင္ က်န္းမာေရးဘယ္လိုလိုက္စားရမလဲဆိုတာကို သိခ်င္ၾကတယ္” လို႕ IDC Research Manager Ramon Llamas က ေျပာျပပါတယ္။

Llamas ရဲ႕ ေျပာပံုအရ က်န္းမာေရးကို feature တစ္ခုအေနနဲ႕ ထည့္ေပးလိုက္ျခင္းက သံုးစြဲသူေတြကို တန္ဖိုးပိုရွိသြားေစျပီး ေစ်းကြက္မွာရွိေနတဲ့ ရိုးရွင္းတဲ့ fitness tracker ေတြထက္ ပိုသာသြားေစတယ္လို႕ သိရပါတယ္။

Stanford က သုေတသီေတြနဲ႕ ပူးေပါင္းျပီးေတာ့ ႏွလံုးက်န္းမာေရးေလ့လာမႈေတြ လုပ္ေဆာင္ခဲ့ပါတယ္ ။ FDA ကလည္း Apple Watch အတြက္ mobile electrocardiogram (EKG) band accessory ကို ရွင္းလင္းေပးခဲ့ပါတယ္။ စမတ္နာရီကေန အခ်က္အလက္ေတြကို စုစည္းေပးထားတဲ့ ထိပ္တန္းလွ်ိဳ႕၀ွက္ခ်က္ကေတာ့ Tim Cook ဟာ special glucose-tracking prototype ကို အသံုးျပဳထားတယ္လို႕ သတင္းေတြ ထြက္ေနပါတယ္။ ဒီနည္းပညာဟာ ေနာက္ထပ္ဆန္းသစ္လာဖို႕ အမ်ားၾကီး က်န္ေနပါေသးတယ္။

Series 3 ကေတာ့ ျပီးျပည့္စံုမႈ မရေသးပါဘူး။ ေစ်းၾကီးပါတယ္။ လစဥ္ကုန္က်စရိတ္ကလည္း ၀ယ္စရိတ္ထက္ေတာင္ ျမင့္ေနပါေသးတယ္။ Apple ဟာ launch စလုပ္တဲ့အခ်ိန္မွာလည္း လိုအပ္ခ်က္ေလးေတြ ရွိေနေသးတယ္လို႕ ၀န္ခံခဲ့ပါတယ္။

Apple Watch ဟာ ၂၀၁၇ မွာရွိတဲ့ အျခားေသာျပိဳင္ဘက္ေတြနဲ႕ ယွဥ္လိုက္မယ္ဆိုရင္ က်န္ေနတာေလးေတြ ရွိေနပါတယ္။ ဒီႏွစ္ထဲမွာ ျပိဳင္ဘက္ေတြရဲ႕ စိန္ေခၚမႈကလည္း ၾကီးမားလာသလို တခ်ိဳ႕ဆုိရင္ ေနရာဖယ္ေပးလိုက္ရတာမ်ိဳးေတာင္ ရွိေနပါတယ္။

Fitbit Ionic

Fitbit ကေတာ့ ကတိေပးထားတဲ့ ေအာက္တိုဘာမတုိင္ခင္ စီအီးအို James Park ဆီကေန ထြက္မလာခဲ့ပါဘူး။ Jawbone ၊ Motorola နဲ႕ TomTom တို႕ကေတာ့ သူတို႕ရဲ႕လုပ္ေဆာင္ေနမႈေတြကို ရပ္တံ့ခဲ့ပါတယ္။ Android Wear ဟာ ေဖေဖာ္၀ါရီလက ထုတ္ခဲ့တဲ့ version 2.0 မွာ ရပ္တံ့သြားတယ္လို႕ေတာင္ ဆိုႏုိင္ပါတယ္။

၂၀၁၇ မွာ Apple အႏုိင္ရသြားျခင္းဟာ အျခားလုပ္ငန္းေတြ ထြက္လုိ႕မဟုတ္ပါဘူး။ Apple ရဲ႕ လႊမ္းမိုးႏုိင္မႈ ဒါမွမဟုတ္ သူ႕ရဲ႕တည္ျမဲတဲ့လုပ္ေဆာင္မႈေတြေၾကာင့္လို႕ ဆိုရမွာပါ။

Apple အေနနဲ႕လည္း ထိပ္ဆံုးမွာ အျမဲရပ္တည္မေနပါဘူး။ ဒါေၾကာင့္ အျခားထုတ္လုပ္သူေတြအတြက္ ေနရာရွိေနပါေသးတယ္။ Xiaomi ဟာ သူ႕ရဲ႕ ေစ်းသက္သာတဲ့ fitness tracker နဲ႕ ထိပ္တန္းေနရာ ရခဲ့သလို Fitbit ကလည္း တက္လိုက္ဆင္းလိုက္ လုပ္ခဲ့ပါေသးတယ္။

Fitbit ရဲ႕ Ionic စမတ္နာရီကေတာ့ ေအာက္တုိဘာလအထိ ထြက္မလာခဲ့ပါဘူး။ ဒါေပမယ့္ OS update ကေတာ့ သံုးစြဲသူေတြကို ေပးထားပါတယ္။ Apple လိုမ်ိဳးကေတာ့ သူ႕ရဲ႕စမတ္နာရီကို က်န္းမာေရးဦးစားေပးထားတဲ့ နည္းပညာဘက္ကို ဖြံ႕ံျဖိဳးေအာင္လုပ္ေဆာင္ေနပါျပီ။

Samsung ရဲ႕ Gear နာရီေတြကေတာ့ သူ႕ရဲ႕ပရိတ္သတ္ေတြကို ရွာႏုိင္ပါတယ္။ Google ကသာ Android Wear ေတြကို ပိုေကာင္းလာေအာင္ လုပ္ေဆာင္ေပးႏုိင္မယ္ဆိုရင္ LG တို႕ကလည္း ေအာင္ျမင္လာႏုိင္ပါတယ္။ AI ထြက္ေပၚလာျခင္းကလည္း အေကာင္းတစ္ခုလို႕ ဆိုႏုိင္ပါတယ္။ Assistaant ဟာ သံုးစြဲသူေတြရဲ႕ ေနထိုင္မႈကို Google က hardware ထုတ္ကုန္ေတြနဲ႕ ေပါင္းစပ္ျပီးေတာ့ ျမွင့္တင္ေပးေနသလို ေနရာတုိင္းမွာလည္း အသံုးျပဳႏုိင္ေနျပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ သံုးစြဲသူေတြအေနနဲ႕ Google ecosystem ထဲမွာ ေရာက္ေနႏုိင္တယ္လို႕ဆိုရမွာပါ။

အခုအခ်ိန္မွာေတာ့ Apple ကေတာ့ ထိပ္မွာေရာက္ေနပါတယ္။ ၂၀၁၇ ဟာ wearable လုပ္ေဆာင္ခ်က္ေတြအတြက္ ႏွစ္ေကာင္းတစ္ႏွစ္ျဖစ္ပါတယ္။ ေနာင္လာမယ့္အနာဂတ္ေတြမွာလည္း ပိုမိုေတာက္ပလာမယ္လို႕ ေမွ်ာ္လင့္ပါတယ္။

Unicode Version

Apple Watch ဟာ ၂၀၁၇ အတွက် အရေးပါဆုံးသော wearable တစ်ခု ဖြစ်လာပါတယ်။
သူဟာ လူငယ်တွေရဲ့ wearable ဝတ်ဆင်မှုဈေးကွက်ကို အချိန်တိုအတွင်း ယူဆောင်သွားခဲ့ပါတယ်။ Apple ဟာ ပထမဆုံးသော စမတ်နာရီကို ၂၀၁၅ ဧပြီလမှာ ဖြန့်ချိခဲ့တာဖြစ်ပြီး Series 3 ကတော့ သူ့ရဲ့ third iteration ဖြစ်ပါတယ်။
“Apple ဟာ စမတ်နာရီအလုံးရေ ၃၄.၄ မီလျံလောက်ကို ကမ္ဘာအနှံ့ဖြန်ချိခဲ့ပါတယ်။ ဒီပမာဏကတော့ ၂၀၁၅ခုနှစ်၊ သူစတင်ဝင်ရောက်တဲ့ နှစ်ကတည်းက ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်” လို့ Canalys ရဲ့ လေ့လာသူတစ်ယောက်ဖြစ်တဲ့ Vincent Thilke က Mashable ကို အီးမေးလ်မှတစ်ဆင့် သတင်းပေးပို့ခဲ့ပါတယ်။ “တစ်နည်းပြောရမယ်ဆိုရင်တော့ Apple ဟာ စမတ်နာရီဈေးကွက်ရဲ့ ၅၁.၆ ရာခိုင်နှုန်းကို ဖြန့်ချိခဲ့တာဖြစ်ပါတယ်။”
ဒီကိန်းဂဏန်းတွေကတာ့ Canalys ရဲ့ ခန့်မှန်းချက်ကနေ ထွက်ရှိလာတာဖြစ်ပြီး Apple ရဲ့ တရားဝင်ထုတ်ပေးထားတဲ့ အချက်အလက်တွေ မဟုတ်ပါဘူး။ Apple Watch ရောင်းအားစုစုပေါင်းကို မဖော်ပြခဲ့တာမို့ ဈေးကွက်အခြေအနေ၊ wearable ရဲ့ ဈေးကွက်ရှိတဲ့ ပမာဏ စတဲ့အချက်အလက်တွေအပေါ်မူတည်ပြီး တွက်ချက်ကြည့်တာ ဖြစ်ပါတယ်။
Apple Watch တွေရဲ့ အောင်မြင်မှုကတော့ ကမ္ဘာပေါ်က လူကြိုက်အများဆုံး band တစ်ခုအနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၇ မှာ wearable သရဖူဆောင်းနိုင်တဲ့သူက Apple တစ်ခုတည်း မဟုတ်ပါဘူး။
Apple ဟာ wearable စစ်ပွဲကို ဒီနှစ်မှာနိုင်သွားရခြင်းက Apple Watch ရဲ့ standalone ဖြစ်နိုင်ချေတွေကြောင့်လို့ ဆိုရမှာပါ။
LTE ချိတ်ဆက်နိုင်စွမ်းရှိသွားတာမို့ iPhone နဲ့ စမတ်နာရီအကြားက ဆက်သွယ်မှုကို ဖြတ်တောက်ချင်နေပုံ ရပါတယ်။ ဒီလို သီးသန့်ခွဲထွက်နိုင်တဲ့လုပ်ဆောင်ချက်က စမတ်ဖုန်းရဲ့ ဆက်စပ်ပစ္စည်းတစ်ခုကို သုံးဖို့အတွက် ဒေါ်လာများစွာပေးဝယ်နေရခြင်းက ကင်းဝေးသွားစေပါတယ်။
Feature အသစ်တွေကတော့ ရလာနိုင်ပါတယ်။ Series 3 ရဲ့ ပစ္စည်းအသစ်တွေကို လိုချင်သူများပြားနေတာမို့ ၂၀၁၈ မှာ ဈေးကွက်ထဲကို ပိုမိုရောင်းချနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
Apple ဟာ LTE ချိတ်ဆက်နိုင်တဲ့ ပထမဆုံးသော စမတ်နာရီမဟုတ်ပါဘူး။ LG နဲ့ Samsung တို့ကလည်း အဲဒီလိုမျိုး လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် Aple ကရဲ့ ဈေးကွက်ပြောင်မြောက်မှုကတော့ အတော်လေးအကျိုးသက်ရောက်မှုရှိသွားတယ်လို့ ဆိုရမှာပါ။ Thielke ကတော့ brand နာမည်ဟာ အဓိကကြိုးမဲ့ carrier တွေအတွက် ပိုစိတ်ဝင်စားတတ်တာမျိုး၊ function အသစ်တွေထည့်ပေးနိုင်တာမျိုးတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။
Apple အောင်မြင်မှုရဲ့ အဓိကချက်တစ်ခုကတော့ fitness အပြင် အခြားသောကျန်းမာရေးတွေကိုပါ ချဲ့ထွင်နိုင်ခြင်းကြောင့်လို့ ယူဆပါတယ်။
“လူတွေဟာ သူတို့အကြောင်း ပိုသိချင်ကြပြီးတော့ ပိုမိုကောင်းမွန်တဲ့ဘဝရရှိအောင် ကျန်းမာရေးဘယ်လိုလိုက်စားရမလဲဆိုတာကို သိချင်ကြတယ်” လို့ IDC Research Manager Ramon Llamas က ပြောပြပါတယ်။
Llamas ရဲ့ ပြောပုံအရ ကျန်းမာရေးကို feature တစ်ခုအနေနဲ့ ထည့်ပေးလိုက်ခြင်းက သုံးစွဲသူတွေကို တန်ဖိုးပိုရှိသွားစေပြီး ဈေးကွက်မှာရှိနေတဲ့ ရိုးရှင်းတဲ့ fitness tracker တွေထက် ပိုသာသွားစေတယ်လို့ သိရပါတယ်။
Stanford က သုတေသီတွေနဲ့ ပူးပေါင်းပြီးတော့ နှလုံးကျန်းမာရေးလေ့လာမှုတွေ လုပ်ဆောင်ခဲ့ပါတယ် ။ FDA ကလည်း Apple Watch အတွက် mobile electrocardiogram (EKG) band accessory ကို ရှင်းလင်းပေးခဲ့ပါတယ်။ စမတ်နာရီကနေ အချက်အလက်တွေကို စုစည်းပေးထားတဲ့ ထိပ်တန်းလျှို့ဝှက်ချက်ကတော့ Tim Cook ဟာ special glucose-tracking prototype ကို အသုံးပြုထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒီနည်းပညာဟာ နောက်ထပ်ဆန်းသစ်လာဖို့ အများကြီး ကျန်နေပါသေးတယ်။
Series 3 ကတော့ ပြီးပြည့်စုံမှု မရသေးပါဘူး။ ဈေးကြီးပါတယ်။ လစဉ်ကုန်ကျစရိတ်ကလည်း ဝယ်စရိတ်ထက်တောင် မြင့်နေပါသေးတယ်။ Apple ဟာ launch စလုပ်တဲ့အချိန်မှာလည်း လိုအပ်ချက်လေးတွေ ရှိနေသေးတယ်လို့ ဝန်ခံခဲ့ပါတယ်။
Apple Watch ဟာ ၂၀၁၇ မှာရှိတဲ့ အခြားသောပြိုင်ဘက်တွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် ကျန်နေတာလေးတွေ ရှိနေပါတယ်။ ဒီနှစ်ထဲမှာ ပြိုင်ဘက်တွေရဲ့ စိန်ခေါ်မှုကလည်း ကြီးမားလာသလို တချို့ဆိုရင် နေရာဖယ်ပေးလိုက်ရတာမျိုးတောင် ရှိနေပါတယ်။
Fitbit ကတော့ ကတိပေးထားတဲ့ အောက်တိုဘာမတိုင်ခင် စီအီးအို James Park ဆီကနေ ထွက်မလာခဲ့ပါဘူး။ Jawbone ၊ Motorola နဲ့ TomTom တို့ကတော့ သူတို့ရဲ့လုပ်ဆောင်နေမှုတွေကို ရပ်တံ့ခဲ့ပါတယ်။ Android Wear ဟာ ဖေဖော်ဝါရီလက ထုတ်ခဲ့တဲ့ version 2.0 မှာ ရပ်တံ့သွားတယ်လို့တောင် ဆိုနိုင်ပါတယ်။
၂၀၁၇ မှာ Apple အနိုင်ရသွားခြင်းဟာ အခြားလုပ်ငန်းတွေ ထွက်လို့မဟုတ်ပါဘူး။ Apple ရဲ့ လွှမ်းမိုးနိုင်မှု ဒါမှမဟုတ် သူ့ရဲ့တည်မြဲတဲ့လုပ်ဆောင်မှုတွေကြောင့်လို့ ဆိုရမှာပါ။
Apple အနေနဲ့လည်း ထိပ်ဆုံးမှာ အမြဲရပ်တည်မနေပါဘူး။ ဒါကြောင့် အခြားထုတ်လုပ်သူတွေအတွက် နေရာရှိနေပါသေးတယ်။ Xiaomi ဟာ သူ့ရဲ့ ဈေးသက်သာတဲ့ fitness tracker နဲ့ ထိပ်တန်းနေရာ ရခဲ့သလို Fitbit ကလည်း တက်လိုက်ဆင်းလိုက် လုပ်ခဲ့ပါသေးတယ်။
Fitbit ရဲ့ Ionic စမတ်နာရီကတော့ အောက်တိုဘာလအထိ ထွက်မလာခဲ့ပါဘူး။ ဒါပေမယ့် OS update ကတော့ သုံးစွဲသူတွေကို ပေးထားပါတယ်။ Apple လိုမျိုးကတော့ သူ့ရဲ့စမတ်နာရီကို ကျန်းမာရေးဦးစားပေးထားတဲ့ နည်းပညာဘက်ကို ဖွံံ့ဖြိုးအောင်လုပ်ဆောင်နေပါပြီ။
Samsung ရဲ့ Gear နာရီတွေကတော့ သူ့ရဲ့ပရိတ်သတ်တွေကို ရှာနိုင်ပါတယ်။ Google ကသာ Android Wear တွေကို ပိုကောင်းလာအောင် လုပ်ဆောင်ပေးနိုင်မယ်ဆိုရင် LG တို့ကလည်း အောင်မြင်လာနိုင်ပါတယ်။ AI ထွက်ပေါ်လာခြင်းကလည်း အကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ Assistaant ဟာ သုံးစွဲသူတွေရဲ့ နေထိုင်မှုကို Google က hardware ထုတ်ကုန်တွေနဲ့ ပေါင်းစပ်ပြီးတော့ မြှင့်တင်ပေးနေသလို နေရာတိုင်းမှာလည်း အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ Google ecosystem ထဲမှာ ရောက်နေနိုင်တယ်လို့ဆိုရမှာပါ။
အခုအချိန်မှာတော့ Apple ကတော့ ထိပ်မှာရောက်နေပါတယ်။ ၂၀၁၇ ဟာ wearable လုပ်ဆောင်ချက်တွေအတွက် နှစ်ကောင်းတစ်နှစ်ဖြစ်ပါတယ်။ နောင်လာမယ့်အနာဂတ်တွေမှာလည်း ပိုမိုတောက်ပလာမယ်လို့ မျှော်လင့်ပါတယ်။

Aung Phyo Oo (Myanmar Mobile App)