Facebook သုံးစွဲသူလေးမျိုးရှိတဲ့အနက် သင်ကဘယ်အမျိုးအစားမှာ ပါနေလဲ

0
1648

Facebook ဆိုတာဟာ အကြီးမားဆုံးနဲ့ အကျော်ကြားဆုံး လူမှုကွန်ရက်တစ်ခုဆိုတာကတော့ ငြင်းလို့မရပါဘူး။ နှစ်မီလျံလောက်ရှိတဲ့သုံးစွဲသူတွေဟာ သူတို့ရဲ့ခံစားချက်တွေကို ဖော်ပြဖို့၊ ကြေညာချက်တွေလုပ်ဖို့၊ အခြားသူတွေကို ပညာပေးဖို့၊ လူတွေနဲ့ ချိတ်ဆက်ဖို့၊ ဒါမှမဟုတ် ပျော်ချင်လို့ အသုံးပြုနေကြပါတယ်။ Facebook လူမှုအသိုင်းအ၀ိုင်းမှာ အရောင်စုံတဲ့လူတွေကို တွေ့မြင်နိုင်ပါတယ်။ သုံးစွဲသူအမျိုးမျိုးကို မရေတွက်နိုင်အောင် တွေ့မြင်နေရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သေချာခွဲခြားလိုက်ရင်တော့ လေးမျိုးပဲ ကျန်ပါတော့တယ်။

Brigham Young University (BYU) ရဲ့ လူတွေ FB ကို ဘာလို့ကြိုက်သလဲဆိုတဲ့ လေ့လာချက်အရ သုံးစွဲသူအမျိုးအစား လေးမျိုးထွက်လာပါတယ်။ လေ့လာမှုအတွက် လေ့လာတဲ့အဖွဲ့ဟာ ရေးသားချက်၄၈ခုလောက်ကို ရခဲ့ပါတယ်။ အဲဒီအထဲကမှ ကိုယ်နဲ့တိုက်ဆိုင်မှုအများဆုံး ရှိတဲ့အချက်ကနေ အနည်းဆုံးအထိ အဆင့်ဆင့်ရွေးချယ်ပေးရတာ ဖြစ်ပါတယ်။

လေ့လာသူတစ်ယောက်ဖြစ်တဲ့ Kris Boyle ဟာ အခုလို ပြောပါတယ်။

“လူမှုကွန်ရက်ဟာ အတော်လေးခေတ်စားသလို စွဲလမ်းနေတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ လူအများစုကတော့ ဘာလို့သုံးနေသလဲဆိုတာ မစဉ်းစားကြပါူဘး။ ဒါပေမယ့် အနည်းဆုံးတော့ သူတို့ရဲ့အလေ့အကျင့်တွေကို သိလာတဲ့အခါမှာ သတိလေးတော့ ထားမိသွားကြပါတယ်။”

ဆယ်လ်ဖီ
Facebook ပေါ်မှာ ဆယ်လ်ဖီတင်တဲ့သူတွေကတော့ ကိုယ့်ကိုကိုယ်ကြေညာခြင်းတစ်မျိုး ဖြစ်ပါတယ်။ သူတို့ဟာ ဓါတ်ပုံ၊ ဗွီဒီယိုတွေနဲ့ status တွေ တင်ပြီးတော့ အာရုံစိုက်လာအောင် ၊ like ၊ comment ရအောင် လုပ်ဆောင်ကြပါတယ်။ လေ့လာချက်တွေအရ “like များများရလေလေ အပေါင်းအပါတွေက ကိုယ့်ကို အသိအမှတ်ပြုလေလေလို့ ခံစားရတယ်” ဆိုတာ သိရပါတယ်။

ဆက်ဆံရေးတည်ဆောက်သူ
ဒီလိုလူတွေကတော့ Facebook ကို မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းတွေလို သူတို့တကယ်သိတဲ့သူတွေနဲ့ အဆက်အသွယ်ပြတ်တောက်မသွားအောင် လုပ်ဆောင်ကြဖို့ အသုံးပြုပါတယ်။ လူမှုကွန်ရက်ဟာ ဆက်ဆံရေးကို ခိုင်မြဲအောင်လည်း အသုံးပြုလို့ရပါတယ်။ လေ့လာချက်အရ “Facebook ဟာ မိသားစုတွေကို ချစ်ကြောင်း၊ မိသားစုတွေက ကိုယ့်ကိုချစ်ကြောင်း ဖော်ပြနိုင်စေတယ်” လို့ သိရပါတယ်။

နိဗ္ဗန်ဆော်
ဒီလူတွေကတော့ လက်တွေ့နဲ့ အတုအယောင်ကမ္ဘာကြီးရဲ့ကြားက ခြားနားချက်တွေ များစွာရှိတဲ့သူတွေပါ။ သူတို့ဟာ ကိုယ်ရေးအချက်အလက်တွေကို မျှဝေခြင်းထက် အသုံးဝင်မယ့် အချက်အလက်တွေကို ပိုစိတ်ဝင်စားကြပါတယ်။ သူတို့ဟာ သတင်းအသစ်တွေနဲ့၊ ပွဲအခမ်းအနားတွေအကြောင်းကို ပြန် share တတ်ကြသလို၊ သူတို့ရဲ့ပတ်ဝန်းကျင်ကို ကောင်းမွန်အောင် လုပ်ဆောင်ပေးချင်တဲ့သူတွေ ဖြစ်ကြပါတယ်။

ခိုးကြောင်ခိုးဝှက်ကြည့်သူ

နိဗ္ဗန်ဆော်လိုမျိုးပါပဲ။ သူတို့တွေကလည်း Facebook ပေါ်ကနေ တာဝန်ယူချင်ကြပါတယ်။ အခြားသူတစ်ယောက် ဘာလုပ်ဆောင်နေသလဲဆိုတာကို စောင့်ကြည့်တဲ့သူတွေပါ။ လေ့လာချက်တွေအရ “ကြိတ် crush တွေနဲ့ တစ်ယောက်ယောက်ရဲ့ profile လေးကို ခိုးကြည့်ရဖို့၊ သူရဲ့ interests နဲ့ relationship status တွေကို ခိုးကြည့်ဖို့ အသုံးပြုတာပါ” လို့ သိရပါတယ်။

သင်က ဘယ်ထဲမှာ ပါနေသလဲ။ တချို့လူတွေဆို တစ်မျိုးထဲ ဖြစ်ချင်မှဖြစ်မှာပါ။