အလောင်းကောင်ကို အသေးစိတ်ရိုက်ပြထားတဲ့ ဗွီဒီယိုတင်ခဲ့တဲ့ YouTuber Logan Paul

0
1393

YouTuber Logan Paul  ဟာ နယူးရီးယားညမှာ ကိုယ့်ကိုကိုယ်သတ်သေတဲ့လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာကို ပြသထားတဲ့ ဗွီဒီယိုကို တင်ခဲ့ပါတယ်။ ဗွီဒီယိုကို ၁၅မီလျံလောက် scbscriber တွေရှိတဲ့ Paul ရဲ့ channel ကနေ ဖျက်လိုက်ပြီးတော့ ဒါဟာ သေတဲ့သူကို မလေးစားရာရောက်တယ်လို့ Ploygon သတင်းဌာနက ပြောဆိုထားပါတယ်။ ဒါပေမယ့် အဖြစ်မှန်ကတော့ ဒီထက်ဆိုးပါတယ်။ ဒီလိုအဖြစ်ကို တင်ပြခြင်းဟာ အတော်လေး အန္တရာယ်များတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။

ဗွီဒီယိုမှာ Paul နဲ့ သူ့သူငယ်ချင်းတွေဟာ ဂျပန်ရဲ့ Aokigahara တောထဲကို သွားရောက်ခဲ့ကြပါတယ်။ အဲဒီမှာ ကိုယ့်ကိုကိုယ်သတ်သေခဲ့တဲ့သူတွေရဲ့ ကိုယ်ခန္ဓာကို ရိုက်ကူးခဲ့ကြပါတယ်လို့ Polygon ရဲ့ Julia Alexander က ပြောပြပါတယ်။ “Paul ဟာ အသေကောင်တွေဆီကို သွားရောက်ပြီး လက်တွေ၊ အိတ်အပ်တွေဆီ မြင်ကွင်းချဲ့ပြပြီးတော့ ပိုက်ဆံအိတ်ကိုတောင် မြင်အောင်ပြခဲ့ပါတယ်” လို့ ရေးသားထားပါတယ်။

အဲဒီလို အသေးစိတ်၊ ကွင်းကွင်းကွက်ကွက်ပြသမှုဟာ သတ်သေမှုကို လိုက်လုပ်ဆောင်ပြသနေသလို ဖြစ်နေပါတယ်။ “ဒီလိုလိုက်လုပ်ခြင်းဟာ တကယ်ရှိပါတယ်။ အဲဒါနဲ့ ကျွန်တော်က အတော်လေးသက်ဆိုင်နေပါတယ်” လို့ Columbia University ရဲ့ ပရော်ဖက်ဆာတစ်ဦးဖြစ်သူ Madelyn Gould က ပြောပါတယ်။ ဒီအကြောင်းကိုတော့ သရုပ်ဆောင် Robin Williams ရဲ့ သတ်သေမှုအပြီးမှာ ပြောခဲ့တာပါ။

လူတွေဟာ လင်မယားကွဲတာ၊ ဗွီဒီယိုကြည့်တာလာက်နဲ့တော့ သတ်မသေနိုင်ပါဘူး။ ဒါပေမယ့် ဒီလိုစိတ်အခံရှိတဲ့သူတွေအတွက်ကတော့ သတ်သေဖို့အတွက် အခွင့်အရေးကို ပိုများသွားစေတာကတော့ အမှန်ပါပဲ။ စိတ်အခြေအနေမကောင်းမွန်တဲ့သူ၊ စိတ်မမှန်တဲ့သူတွေဆိုရင် ပိုဆိုးပါတယ်။ သတ်သေချင်နေတဲ့ပုံစံရှိသူတွေ၊ စိတ်နာမကျန်းဖြစ်နေသူတွေနဲ့ စိတ်ပုံမှန်မဟုတ်သူတွေအတွက် ကုသနိုင်ပါတယ်။ ဒါပေမယ့် သူတို့အတွက်ကတော့ အကူအညီကင်းမဲ့နေတယ်လို့ တွေးကြမှာပါ။ မိသားစု၊ သူငယ်ချင်းတွေထဲက သတ်သေတာမျိုး၊ မီဒီယာကနေ သတ်သေတာကိုကြည့်တာမျိုးတွေ ဖြစ်ပြီဆိုရင်တော့ အဲဒီလိုလုပ်ဖို့အတွက် ဖြစ်နိုင်ချေရှိသွားပါတယ်။ အထူးသဖြင့် လူငယ်တွေ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ပြောကြားခဲ့ပါတယ်။ Paul ရဲ့ ပရိသတ်တွေကတော့ လူငယ်အများစုဆိုတာ ငြင်းမရပါဘူး။

ဒီလိုလိုက်လုပ်တတ်တဲ့အပြုအမူဟာ သေကြောင်းကြံမှုကို တိုးလာစေနိုင်ပါတယ်။ ဒီလိုမျိုး သေဆုံးနေတဲ့သူ၊ သေဆုံးအောင်လုပ်တဲ့နည်းလမ်း အသေးစိတ်ကို ပြသခြင်းဟာ သတ်သေဖို့ နည်းလမ်းပေးနေသလို၊ လမ်းကြောင်းပေးနေသလို ဖြစ်နေတယ်လို့ Gould ရဲ့ သုတေသန နဲ့ သတ်သေခြင်းကို ကာကွယ်ပေးနေတဲ့ American Foundation တို့က ဆိုပါတယ်။ ကျန်းမာရေးနဲ့ လူမှုရေးဝက်ဘ်ဆိုက်ကတော့ မီဒီယာရဲ့ အာရုံစိုက်မှုကို ရရှိအောင် သေဆုံးသူတွေရဲ့ပုံစံကို ပြသတာဟာ ကျင့်ဝတ်နဲ့ မညီညွတ်ကြောင်း၊ လူကြီးလူကောင်းမဆန်ကြောင်း ထောက်ပြခဲ့ပါတယ်။

တည်နေရာအသေးစိတ်ကို ပြသခြင်းဟာလည်း သတ်သေမှုကို ပိုများစေတယ်လို့ WHO က ပြောပြပါတယ်။ “ဒီလို ကိုယ့်ကိုကိုယ်သတ်သေတဲ့နေရာကို မီဒီယာသမားတွေအနေနဲ့ ပြသတာမျိုးကို ရှောင်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ နည်းပေးလမ်းပြဖြစ်သလို၊ လိုက်လုပ်ဆောင်မှုတွေကိုလည်း တိုးပွားလာစေနိုင်ပါတယ်” လို့ ဆိုပါတယ်။ Paul ဗွီဒီယိုရဲ့ ခေါင်းစဉ်ကို သိပါသလား။ “ဂျပန်က suicide တောထဲမှာ အလောင်းတစ်ခု တွေ့ရှိခြင်း” လို့ The Washington Post အရ သိရပါတယ်။

Logan Paul လို ပရိသတ်အခိုင်အမာရှိတဲ့လူတွေဟာ လူငယ်ပရိတ်သတ်တွေဆီကို ဒီလိုသတ်သေမှုနဲ့ ပတ်သတ်ပြီးတော့ ဂရုတစိုက်ရှိကြဖို့အတွက် တာဝန်ယူပေးသင့်ပါတယ်။ WHO နဲ့ AFSP တို့က ဒီအကြောင်းနဲ့ပတ်သတ်ပြီး report တင်ဖို့ ထောက်ခံပေးထားတယ်လို့ သိရပါတယ်။ YouTuber တွေအနေနဲ့လည်း ဒီလိုမျိုး မလေးမစား၊ အန္တရာယ်ရှိတဲ့ စတန့်တွေကို မလုပ်ဆောင်ခင်မှာ စဉ်းစားသင့်ပါတယ်။