လူမှုကွန်ရက်ကြောင့် ဖြစ်သွားခဲ့သော လူသတ်မှုများ (အပိုင်း ၂)

0
1980

လူမှုကွန်ရက်ဟာ ရူးကြောင်ကြောင်နိုင်တဲ့သူတွေ၊ စဉ်းစားဥာဏ်မရှိတဲ့သူတွေလည်း သုံးတဲ့နေရာတစ်ခုလို့ ပြောလိုက်မယ်ဆိုရင် နည်းနည်းများ လွန်သွားမလား။ ကျွန်တော်တို့ မတော်တဆတင်လိုက်မိတဲ့ ပို့စ်တွေ၊ tag လုပ်လိုက်တဲ့ ပုံတွေက တယောက်ယောက်ကို ထိခိုက်သွားတယ်ဆိုရင်တော့ ပြန်ဖျက်ပိုင်ခွင့် ကျွန်တော်တို့လက်ထဲမှာ ရှိနေပါတယ်။ ဒါပေမယ့် တချို့သောအမှားတွေကတော့ အသက်အန္တရာယ်ရှိသွားနိုင်ပါတယ်။ ကျွန်တော်တို့ဆီကို Facebook ၊ တွစ်တာပေါ်က ကွင်းဆက်လူသတ်သမားလာနေပြီဆိုရင် Firewall ၊ Antivirus တွေလည်း မကယ်နိုင်ပါဘူး။ ဒီအကြောင်းတွေက ဇာတ်ကားတွေထဲမှာသာ ရှိနိုင်တယ်လို့ သင့်အနေနဲ့ ယူဆနေတယ်ဆိုရင်တော့ အောက်မှာ တကယ်ဖြစ်သွားတဲ့ဖြစ်ရပ်မှန်တွေကို ဖော်ပြထားပါတယ်။ ဒါကြောင့် ကီးဘုတ်နောက်ကွယ်က လုပ်ဆောင်နေတာပဲဆိုပြီး လုံခြုံတယ်မထင်လိုက်ပါနဲ့။

  • MySpace ရဲ့ ကွန်မန့်ကြောင့် အသတ်ခံရတဲ့ ကောင်မလေး
    ကွန်မန့်တစ်ခုကြောင့် အသတ်ခံရဖူးတာရှိလား။ Mikarah Tinky Sanders ကတော့ အသတ်ခံလိုက်ရပါတယ်။ သူမရဲ့ကောင်လေး Matthew Dubois ဟာ ကွန်မန့်လာမန့်တဲ့ကောင်လေးကို မနာလိုဖြစ်ပြီးတော့ နယူးရီးယားညမှာပဲ ကောင်မလေးရဲ့ မျက်နှာကို .547 handgun နဲ့ ပစ်သတ်ခဲ့ပါတယ်။ ဒါတောင် ကောင်မလေးက ကွန်မန့်ပြန်မန့်ခဲ့တာ မဟုတ်ပါဘူး။

  • Facebook Messenger ပေါ်မှာ စီစဉ်ခဲ့တဲ့ လူသတ်မှု
    Facebook ဟာ ကိုယ်နဲ့စိတ်ဝင်စားရာတူတဲ့သူတွေ ရှာဖို့အတွက် အကောင်းဆုံးနေရာတစ်ခုပါ။ အသက် ၁၅နှစ်အရွယ် Sofyen Belamouadden ရဲ့ လူသွားလူလာများတဲ့ Victoria Tube Station မှာ လူသတ်ခဲ့မှုလည်း ပါဝင်ခဲ့ပါတယ်။ ဒီလူသတ်မှုဟာ IRL မှာ ကြည့်ရှုသူရာနဲ့ချီသွားပါတယ်။ အဲဒီနောက်မှာတော့ Facebook Live ကို ဖျက်ခဲ့ပါတယ်။ သူဟာ စိတ်ရူးပေါက်နေတဲ့ ဆယ်ကျော်သက် အယောက်၂၀ ရဲ့ ကန်ကျောက်၊ ထိုးနှက်ချက်တွေကြောင့် သေဆုံးခဲ့ရတာပါ။ ဒီလိုလုပ်ဆောင်ဖို့အတွက် Facebook Chat ကနေ တိုင်ပင်ခဲ့ကြတာပါ။

  • Facebook ကို အသုံးပြုပြီး သေမင်းထောင်ချောက်ဆင်ခဲ့သူ
    လူအများစုကတော့ Facebook ကို အသုံးပြုပြီးတော့ ငယ်ဘ၀က သူငယ်ချင်းတွေ၊ ကျောင်းကသူငယ်ချင်းတွေ၊ အချိန်ကြာကြီး မဆက်သွယ်ခဲ့တဲ့ အမျိုးတွေ၊ အဆက်ဟောင်းတွေနဲ့ ဆက်သွယ်ကြပါတယ်။ ဒါပေမယ့် ဒီလိုပြန်တွေ့ဆုံမှုတိုင်းက ပျော်စရာမကောင်းဘူးဆိုတာကို သက်သေပြလိုက်ပါတယ်။ Sarah Elston ရဲ့ အဆက်ဟောင်း ကောင်လေးက Facebook ပေါ်မှာ တွေ့ဖို့ ပြောဆိုခဲ့ပါတယ်။ Sarah ကတော့ စိတ်ကူးယဉ်ပြီး ပျော်စရာကောင်းလိမ့်မယ်ထင်ခဲ့ပေမယ့် ကောင်လေး Daniel ကတော့ ရည်ရွယ်ချက်နဲ့ပါ။ သူမရဲ့ အလောင်းကိုတော့ သူမအိမ်မှာတွေ့ခဲ့ရပြီး ထိခိုက်ဒဏ်ရာများစွာနဲ့ သေဆုံးနေကြောင်း အတည်ပြုပေးခဲ့ပါတယ်။

  • လူသတ်ခြင်းကို ၀ါသနာအနေနဲ့ တင်ခဲ့တဲ့ ကောင်မလေး
    ကျွန်တော်တို့ဟာ လူတစ်ယောက်ရဲ့ profile ကို ၀င်ကြည့်တတ်ကြပါတယ်။ အဲဒီလိုဝင်ကြည့်တဲ့အခါမှာ ထူးဆန်းတဲ့ဝါသနာတွေကိုလည်း တွေ့မြင်ရနိုင်ပါတယ်။ ဒါပေမယ့် အသက်၁၅နှစ်အရွယ် Alyssa ကတော့ လူသတ်ခြင်း၊ ဖြတ်တောက်ခြင်း စတာကို ၀ါသနာအနေနဲ့ တင်ခဲ့ပါတယ်။ ဆယ်ကျော်သက်အများစုကတော့ ထူးဆန်းတဲ့ဝါသနာတွေကိုတင်ပြီး လူစိတ်ဝင်စားအောင် လုပ်တတ်ပါတယ်။ ဒါပေမယ့် သူမကတော့ အတည်ပါ။ သူမဟာ အသက်ကိုးနှစ်အရွယ် အိမ်နီးချင်းကလေးကို သတ်ပစ်ဖို့ လပေါင်းများစွာကြာအောင် စီစဉ်ခဲ့ပြီး ကျင်းတောင် တူးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လည်ပင်းကို ဓါးနဲ့မခွဲခင်မှာ လည်ပင်းညှစ်သတ်ခဲ့ပါတယ်။ ရဲတွေကို ပြောခဲ့တဲ့ စကားကတော့
    “ဘယ်လိုခံစားရသလဲဆိုတာ သိချင်လို့ပါ”

  • Facebook status တင်အပြီး  ကားမှောက်သွားတဲ့အမျိုးသမီး
    ကားမောင်းရင်း စာပို့တာဟာ အတော်လေး အန္တရယ်များပါတယ်။ နောက်ပြီး Facebook status တင်တာကိုပါ ထပ်တိုးရတော့မှာပါ။ Ann Sanford ကို သင်ခန်းစာယူပါ။ ဟိုင်းဝေးမောင်းနေချိန်မှာ သူမဟာ Facebook status ကို “The ‘Happy’ song makes me happy” လို့ တင်ခဲ့ပါတယ်။ စက္ကန့်အနည်းငယ်အကြာမှာ ကားမှောက်သွားလို့ မပျော်လိုက်ရတော့ပါဘူး။

  • ဆဲလ်ဖီးရိုက်လိုက်လို့ သေခဲ့ရတဲ့ လင်းပိုင်လေး
    လူသားတွေရဲ့ အသိဥာဏ်ကင်းမဲ့မှုနဲ့ လုပ်ချင်တာလုပ်မှုကြောင့် သေခဲ့ရတဲ့ အမှုတွေထဲကို တစ်မှုတိုးလာပါတယ်။ ရှားပါးလင်းပိုင်နှစ်ကောင်ကို သမုဒ္ဒရာထဲကနေပြီးတော့ လူတွေက ဆွဲထုတ်ခဲ့ပါတယ်။ အကြောင်းရင်း။ ဆယ်လ်ဖီဆွဲဖို့ပါ။ သနားစရာလင်းပိုင်လေးတွေခမျာ အုပ်စုလိုက်ဆယ်လ်ဖီ ရိုက်ကူးဖို့အတွက် တစ်ယောက်တစ်လက်အကိုင်ခံရပါတယ်။ နှစ်ကောင်ထဲက တစ်ကောင်ဟာ ဂရုမစိုက်တဲ့ ခရီးသွားတွေရဲ့ Like လိုချင်မှုကြောင့် အသက်ပေးခဲ့ရပါတယ်။

  • Facebook စွဲလမ်းနေတဲ့ကောင်လေးကို ဓါးနဲ့ထိုးသတ်
    Facebook စွဲလမ်းခြင်းက သေနိုင်တယ်ဆိုတာ သင်သိပြီးပြီလား။ ဒီအကြောင်းကို Damon Searson က မသိလိုက်တော့ပါဘူး။ Damon ဟာ သူ့ရဲ့ Facebook သုံးစွဲမှုနဲ့ပတ်သတ်ပြီး ကောင်မလေး Terri- Marie Palmer နဲ့ စကားများခဲ့ရပါတယ်။ Facebook သုံးနေလို့ သူ့ကိုတောင် ဂရုမစိုက်တော့တဲ့အကြောင်း ကောင်မလေးဟာ တင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နှလုံးကို ဓါးနဲ့ထိုးဖောက်ပြီး သတ်ပစ်ခဲ့ပါတယ်။

  • တွစ်တာကွန်မန့်ကြောင့်အသက်ခံရတဲ့ ဆယ်ကျော်သက်လေး
    အသက် ၁၈နှစ်အရွယ် Jerrold Parker ဟာ တွစ်တာပေါ်က ကွန်မန့်လေးတစ်ခုကြောင့် အသက်ပျောက်သွားခဲ့တာပါ။ သူဟာ Devin Leggett ကို ရက်ပ်မဆိုနိုင်ဘူးလို့ ကွန်မန့် မန့်ခဲ့ပါတယ်။ ဒါဟာ Devin အတွက် အတော်လေးစိတ်တိုသွားစေခဲ့ပြီး Jerrold ကို သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်သတ်ခဲ့ပါတယ်။
  • Facebook ပေါ်က အနိုင်ကျင့်မှုကြောင့် သတ်သေခဲ့တဲ့ ဆယ်ကျော်သက်မလေး
    အွန်လိုင်းအနိုင်ကျင့်မှုကလည်း စိတ်ခံစားချက်ကို ထိခိုက်တယ်ဆိုတာ သိထားပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ဘ၀ကိုလည်း သေစေနိုင်ပါတယ်။ Cassandra Cessi Porter တွေ့ကြုံခဲ့ရတာပါ။ Facebook Page အောက်မှာ နာမည်အမှားပြောလိုက်ပြီး အရှက်ခွဲလိုက်ခြင်းက သူမကို သတ်သေစေခဲ့တာပါ။ အွန်လိုင်းပေါ်က အရှက်ရစရာတွေကြောင့် နှစ်ခါသတ်သေဖို့ ကြိုးစားခဲ့ပြီး ဒုတိယအကြိမ်မှာ အောင်မြင်သွားပါတယ်။

  • ဘာသာစကားအတားအဆီးက လူသတ်မှုဖြစ်စေ
    ဘာသာစကားအတားအဆီးက နားလည်မှု လွဲစေပါတယ်။ ဒါပေမယ့် လူသတ်မှုလည်း ဖြစ်စေနိုင်ပါတယ်။ အိန္ဒိယက Arun Rao က “Hi, Shihsya!” လို့ သူငယ်ချင်းတစ်ယောက်ကို ပို့ပြီး နှုတ်ဆက်လိုက်ပါတယ်။ တကယ်တော့ Shishya ဆိုတာဟာ သူတို့ဒေသရဲ့ ပြောဟန်တစ်ခုဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ပြည့်တန်ဆာလို့ ဘာသာပြန်နိုင်ပါတယ်။ ရက်သတ္တပတ်အနည်းငယ်အကြာမှာ Rao ဟာ ပြန်ပေးဆွဲခံရပြီးတော့ ၀မ်းဗိုက်ကို မသေမချင်း ချွန်ထက်တဲ့အရာနဲ့ ထိုးခံထားရတာကို တွေ့ရပါတယ်။