၂၀၁၈ မှာ Appple ကုမ္ပဏီက လုပ်ဆောင်လာမယ့် လုပ်ငန်းစဉ်များအကြောင်း

0
953

Apple ကို အာရုံစိုက်နေတဲ့ စာရေးသူတွေအတွက် “Apple ဘာလုပ်သင့်သလဲဆိုတာမျိုး”ကို ရေးလိုက်မယ်ဆိုရင် ဘယ်သူကမှ ကျေးဇူးတင်မှာမဟုတ်ပါဘူး။ ၀ိုင်းဆဲခံရမှာ ကျိန်းသေပါတယ်။ များသောအားဖြင့် Apple နဲ့ပတ်သတ်လို့ ရေးသားတဲ့အခါမှာ ဆင်ခြင်ရပါတယ်။ အကြောင်းကတော့ Apple ဖန်တွေရဲ့ တစ်ယူသန်တွေကိုလည်း ထည့်သွင်းစဉ်းစားရတာ ဖြစ်လို့ပါပဲ။

အောင်မြင်နေတဲ့လုပ်ငန်းတွေဆိုတာ ငွေကြေးနဲ့ပတ်သတ်လို့ အမြင်ကောင်းလို့ပဲ ဖြစ်ပါတယ်။ Apple အနေနဲ့လည်း ၂၀၁၈ အတွက် ရှုထောင့်တွေကို ပိုကောင်းအောင် လုပ်ဆောင်နေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Apple အနေနဲ့ နောက်နှစ်အတွက် ရှုထောင့်အသစ်ကနေ စဉ်းစားသင့်တဲ့ အချက်၁၀ခု ဆွေးနွေးထားပါတယ်။

၁၀။ iOS device တွေကို ကား၊ ရုံးခန်း နဲ့အိမ်တွေအတွက် အလိုအလျောက်ချိန်ညှိပေးလာနိုင်တယ်

လွန်ခဲ့တဲ့နှစ်နှစ်တုန်းက Apple ဟာ Proactive လို့ခေါ်တဲ့ feature အသစ်လေးကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ feature လေးကတော့ Google Now ရဲ့ ဗားရှင်းအငယ်စားလေးလို့ ခေါ်ဆိုနိုင်ပါတယ်။ အချိန်နဲ့ တည်နေရာလေးကို ဖော်ပြပေးတာ ဖြစ်ပါတယ်။ iOS device တွေအနေနဲ့ ဒီထက်ပိုပြီးတော့ စမတ်ဖြစ်သင့်၊ ပိုမိုလုပ်ဆောင်နိုင်သင့်ပါတယ်။

တည်နေရာဝန်ဆောင်မှုတွေဖြစ်တဲ့ Bluetooth pairing နဲ့ Wi-Fi/cellular ချိတ်ဆက်မှုတွေအကြားမှာ သင့်ရဲ့ iPhone ဟာ ကားထဲမှာလားဆိုတာကို သိနိုင်ပြီးတော့ ကားစည်းမျဉ်း သတ်မှတ်ထားသင့်ပါတယ်။ ဥပမာ ဖုန်းထဲက Random သီချင်းတွေကို မဖွင့်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းနဲ့ ကားစတူရီယိုနဲ့ ချိတ်ထားလို့ပါ။ အဲဒါမျိုးပေါ့။ (တကယ်ကြီးလား၊ ဘာဖြစ်လို့ ဒီလိုလုပ်ဖို့လိုတာလဲ) အဲဒီလိုပဲ အိမ်မှာဆိုရင်လည်း iPad ကို စပီကာစနစ် ဒါမှမဟုတ် အိပ်ခန်းတီဗွီနဲ့ အလိုအလျောက် ချိတ်ဆက်ဖို့ ပြောထားသင့်ပါတယ်။ ရုံးမှာဆိုရင်လည်း AirPods ကို အသံပိတ်ထားဖို့၊ အလုပ်နဲ့ဆိုင်တဲ့ app တွေကိုပဲ ဖွင့်ပေးဖို့ လုပ်ထားသင့်ပါတယ်။ နေရာတစ်ခုချင်းစီအတွက် profiles လေးတွေ သတ်မှတ်ထားပြီးတော့ အချိန်၊ နေရာ၊ ချိတ်ဆက်ရမယ့် ဆက်စပ်ပစ္စည်းတွေ သတ်မှတ်ပေးလို့ရမယ်ဆိုရင်တော့ iOS ဟာ အတော်လေး မိုက်သွားပါပြီ။

၉။ iPods တွေကို ပြန်လည်အသက်သွင်းနိုင်တယ်
Apple ဟာ iPod Shuffle ၊ Nano နဲ့ Classic တို့ကို သတ်ပစ်လိုက်ပါပြီ။ ဒါပေမယ့် iPod Touch ကတော့ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ iPod နာမည်ကတော့ brand တစ်ခုအနေနဲ့ ရှိနေဆဲပါပဲ။ သီးသန့်ဈေးကွက်၊ third-party software team တွေလက်ထဲမှာ ရှိနေဆဲပါပဲ။ Touch ကတော့ Nintendo Switch ကို ပြိုင်ဆိုင်ဖို့ လုပ်ဆောင်နေပါတယ်။ Nintendo Switch ဟာ တစ်နှစ်ထဲမှာတင် အလုံးရေ ၁၀ မီလျံရောင်းချခဲ့ရပါတယ်။ iPad Mini နဲ့ ဘာလုပ်ရမလဲ မသိဘူးဆိုရင်တော့ iPod family ထဲကို တက်ဘလက်အသေးအနေနဲ့ ထည့်လိုက်ပါ။

Apple အနေနဲ့ iPod Touch ကို ဒေါ်လာ၁၅၀ desktop-tethered အနေနဲ့ ထုတ်လုပ်ပြီးတော့ Amazon ရဲ့ video ရတဲ့ Echo မော်ဒယ်လ်ကို ပြိုင်ဆိုင်လိုက်ပါ။ OS ၊ app နဲ့ chip တွေ အားလုံးစုံနေတာမို့ screen နဲ့ ထည့်သွင်းရမယ့်အိမ်သာ လိုပါတော့တယ်။ ထုတ်ကုန်တစ်ခုအတွက် iPod ကို အသုံးပြုလိုက်ခြင်းဟာ သိပ်တော့ အံ့မ၀င်လောက်ပါဘူး။

၈။ iPad ၊ iPhone ၊ Apple Watch တို့ကို ဆက်လက်လုပ်ဆောင်နိုင်တယ်
၉.၇လက်မ နဲ့ ၁၀.၅လက်မ iPad တွေ၊ Wi-Fi နဲ့ Wi-Fi + Cellular ဗားရှင်းတွေ စသဖြင့် iPad လိုင်းကတော့ အတော်လေး ကြီးမားပါတယ်။ iPhone family မှာလည်း ပါဝင်တဲ့ iPhone တွေများလာပါတယ်။ Apple Watch မှာလည်း ဗားရှင်းတွေအတော်များနေပါပြီ။ စီးရီးတွေ၊ အရွယ်အစားတွေ အမျိုးမျိုးပါပဲ။ အဲဒီ ထုတ်ကုန်တွေဟာ Apple ရဲ့ 1990s Mac လိုင်းတွေလို အမှိုက်တွေပါ။

ဖြေရှင်းချက်။ ထုတ်ကုန်လိုင်းတွေကို စဉ်ဆက်မပြတ်ပါစေနဲ့။ (Home Buttons မပါဝင်တဲ့ 9-inch/11-inch/13-inch) iPad သုံးမျိုးကို regular နဲ့ Pro ဆိုပြီးတော့ ဆက်လက်လုပ်ဆောင်ပါ။ Pro ကိုတော့ cellular နဲ့ ပေါင်းချင်ပေါင်းလိုက်ပါ။ iPhone 9 နဲ့ iPhone 11 ဆိုပြီးတော့ ဖုန်းနှစ်လုံး launch လုပ်ပါ။ (S/M/L) ဆိုပြီးတော့။ ပရိုဆက်ဆာ အမြန်နှုန်း၊ ကင်မရာလုပ်ဆောင်ချက်တွေနဲ့ အလန်းစားပစ္စည်းတွေကို အသုံးပြုလိုက်စမ်းပါ။

Apple Watch ကိုလည်း Series 4 နဲ့ Series 3 ဆိုပြီး ရောင်းလိုက်ပါ။ တစ်မျိုးကို အရွယ်အစားနှစ်ခုခွဲထုတ်လိုက်ပါ။ aluminum/steel/ceramic materials ရွေးချယ်စရာပေးလိုက်ပါ။ Apple Watch တွေဟာ personal ဖြစ်သလို စိတ်ကြိုက်ပြင်ဆင်နိုင်မယ်လို့ ယူဆထားတာမို့ သုံးစွဲသူတွေအနေနဲ့ စိတ်ကြိုက် face တွေကို ဒေါင်းလုတ်ဆွဲနိုင်အောင် လုပ်ပေးလိုက်ပါ။ သူတို့ကြိုက်သလို အလှဆင်ပါစေ။ Nike ဒါမှမဟုတ် Hermès band ကို ၀ယ်ပြီးတော့ special watch face အတွက် ဒေါင်းလုတ်ကုဒ်ယူလိုက်ပါ။

၇။ Apple TV အတွက် အဆင်သင့်ပြင်ထားပါ။
Apple TV business ဟာ Apple အတွက် မကျေနပ်စရာကောင်းနေတယ်ဆိုတာကတော့ အံ့သြစရာမကောင်းပါဘူး။ အကြောင်းရင်းကတော့ ဈေးနှုန်းနဲ့ app တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လက်ရှိမှာတော့ Apple TV မော်ဒယ်လ်သုံးခုကို ဒေါ်လာ ၁၄၉ ကနေ ၁၉၉ အထိ သတ်မှတ်ရောင်းချနေပါတယ်။ Roku ရဲ့ စွမ်းဆောင်ရည်မြင့် 4K device တောင်မှ ဒေါ်လာ ၁၀၀ အောက်မှာ  ရှိပါတယ်။ ဒီတော့ဈေးကွက်အဆင်မပြေတာ မဆန်းတော့ပါဘူး။

Apple TV apps နဲ့ games တွေကို ၀ယ်အောင်လုပ်ဆောင်ပေမယ့်လည်း အဆင်မပြေခဲ့ပါဘူး။ ဒီတော့ 16GB နဲ့ ဒေါ်လာ၉၉ တန် Apple TV 4K က လူအများစုအတွက် အဆင်ပြေနိုင်ပါတယ်။ မဟုတ်ရင်တော့ developer တွေ အပြောင်းအလဲလုပ်ရမယ့်အချိန်ပါပဲ။ Apple TV မှာက stream video နဲ့ music သာ ရနေပါသေးတယ်။ 4K ဒါမှမဟုတ် 720p ထက် ပိုကောင်းအောင် လုပ်ဆောင်မယ်ဆိုရင်ကတော့ အတိုင်းထက်အလွန်ပါပဲ။

၆။ MacBook Pro ဘတ်ထရီစွမ်းဆောင်ရည်ကို တိုးမြှင့်နိုင်တယ်
MacBook Pros ၂၀၁၆ နဲ့ ၂၀၁၇ ပိုင်ရှင်တွေဟာ Apple ရဲ့ ဈေးကွက်ဝင်ချိန်ပြောခဲ့တာထက် အနည်းငယ်လျော့နည်းနေတယ်ဆိုတာ သိကြပါတယ်။ 2016 Pros ကို ဖြန့်ချိတဲ့အချိန်မှာ ဘတ်ထရီစမ်းသပ်နေဆဲမို့ မတပ်ဆင်လိုက်ရတာ ဖြစ်တယ်လို့ Bloomberg က ဆိုပါတယ်။

အဲဒီစက်တွေဟာ သုံးစွဲသူတွေခန့်မှန်းထားသလို Pro အတွက် အသုံးပြုနိုင်ခဲ့ခြင်းမရှိပါဘူး။ Apple အနေနဲ့ အဖြေတစ်ခု ပေးသင့်ပါတယ်။ မူရင်းစီစဉ်ထားတဲ့အတိုင်း ပိုကောင်းတဲ့ ဘတ်ထရီကို ထည့်ပေးသင့်ပါတယ်။ MacBook Pro ၀ယ်ယူသူတွေအတွက် iPhone 6 လိုမျိုးလုပ်ဆောင်ဖို့အတွက် လိုအပ်နေပါတယ်။

၅။ Siri ကို ပုံစံပြောင်းပြီးတော့ တန်ဖိုးသင့် Siri စပီကာထုတ်နိုင်တယ်
Apple အနေနဲ့ Siri ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို သူ့ရဲ့ AI assistant ပြိုင်ဘက်တွေနဲ့ ယှဉ်နိုင်အောင် လုပ်သင့်နေပါပြီ။ Siri devices တွေကိုလည်း အိမ်မှာ အသုံးပြုနိုင်အောင် လုပ်သင့်နေပါပြီ။ Amazon (Echo Dot) နဲ့ Google (Google Home Mini) တို့ကတော့ ထွက်ရှိနေပါပြီ။ ရောင်းချမှုစံချိန်တွေနဲ့ app download မှာလည်း ထိပ်တန်းတွေ ရောက်နေကြပါပြီ။

Apple အတွက် $349 HomePod ကို အဲဒီလိုဖြစ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ အခုအချိန်က ချိန်ညှိသင့်နေပါပြီ။

၎။ Apple ရဲ့ accessory ဈေးကွက်ကို အားကောင်းလာအောင် ပြန်လည်လုပ်ဆောင်နိုင်တယ်
Apple ရဲ့ accessory developer တွေကို လွန်ခဲ့တဲ့ ၁၃နှစ်က လုပ်ဆောင်ခဲ့သလို “အခကြေးငွေပေး၊ ငါတို့စည်းမျဉ်းကို လိုက်နာ၊ ငါတို့အတွက် exclusive ဖြစ်အောင်လုပ်ပေး၊ ငါတို့သုံးစွဲသူတွေထံက ငွေအတူတူယူမယ်” စတဲ့လေသံနဲ့ ပြောခဲ့ပါတယ်။ သုံးစွဲသူတွေအတွက်ကတော့ Apple က တွဲဖက်ထုတ်တဲ့ accessories တွေဈေးကြီးရခြင်းက လုံခြုံစိတ်ချရလို့ပါဆိုတာမျိုး ပြန်ကြားရပါတယ်။

ဒါပေမယ့် Apple ရဲ့ HomeKit security ဆွေးနွေးပွဲမှာတော့ AirPlay speaker တွေရ့ ကျရှုံးမှုနဲ့အတူ Lightning connectors ကို လုပ်ဆောင်ပြသခဲ့ပြီနောက်မှာ ငါတို့လိုလိုက်လုပ်ဆိုတဲ့နည်းလမ်းက သုံးစွဲသူတွေရော developer တွေအတွက်ပါ အလုပ်မဖြစ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက Apple ဟာ accessory ဈေးကွက်ကို ပုံမှန် brand တွေနဲ့၊ ကလုန်းတွေဆီကနေ ရယူခဲ့ပါတယ်။ AR ၊ VR ၊ AI နဲ့ အခြားသောနည်းပညာတွေ ခေတ်စားလာချိန်မှာတော့ သူ့ရဲ့ accessory လိုင်စင်စီးပွားရေးကို ရပ်တံ့ပစ်ပြီး နောက်ထပ် hardware မျိုးဆက်သစ်တွေနဲ့ လုပ်ဆောင်သင့်နေပြီ ဖြစ်ပါတယ်။

 

၃။ Mac နဲ့ iOS app တွေကို ပေါင်းစပ်နိုင်တယ်
Mac ပေါ်မှာ iOS app တွေကို အသုံးပြုချင်တဲ့ သုံးစွဲသူတွေများနေပြီလို့ Bloomberg က အတည်ပြုပေးခဲ့ပါတယ်။ ဒီအတွက်လည်း နှစ်အကြာကြီးစောင့်ရဦးမယ်လို့ ပြောခဲ့ပါသေးတယ်။

Apple အနေနဲ့ laptop နဲ့ tablet တွေကို ခွဲခြားဝယ်ယူဖို့ လူတွေကို အတင်းကြိုးစားနေပါတယ်။ ဒါပေမယ့် စဉ်းစားကြည့်မယ်ဆိုရင် သုံးစွဲသူတွေလိုချင်တာကို လုပ်ဆောင်ရမှာပါ။

အဆင့်တစ် ။ iPad နဲ့ iPhone app တွေကို Xcode ရဲ့ iOS development tool Simulatorလိုမျိုး window မှာ run လိုက်ပါ။ ဖြစ်နိုင်ရင် trackpad ၊ mouse ပါ အသုံးပြုနိုင်ပါစေ။ developers တွေအနေနဲ့ Mac UIs ကိုလည်း အသုံးပြုခွင့်ပေးလိုက်ပါ။ ဒါဆိုရင် Apple အတွက် သူတို့ကလမ်းဖောက်ပေးပါလိမ့်မယ်။

၂။ touchscreen Macs ထုတ်နိုင်တယ်
Apple အနေနဲ့ ဒီတစ်ခုမှာတော့ လုံးဝလွဲနေပါတယ်။ လူတွေက touchscreen Macs ကိုလိုချင်နေတာပါ။ ဒါပေမယ့် Microsoft Store ကို လျှောက်သွားမယ်ဆိုရင် Mac လိုမျိုး laptop တွေနဲ့ desktop တွေကို တွေ့ရပါလိမ့်မယ်။ သူတို့မှာ touch နဲ့ stylus တို့ကို ဈေးသက်သာစွာနဲ့ အသုံးပြုနိုင်ဦးမှာပါ။

MacBook Touch Bar ကတော့ Apple အတွက်ဈေးပိုကြီးအောင် လုပ်လိုက်သလိုပါပဲ။ developer အနည်းငယ်ကသာ ဂရုစိုက်ကြပါတ်ယ။ သုံးစွဲသူတွေကတော့ အသုံးပြုပုံတာင် မပေါ်ပါဘူး။ ဒီတော့ touchscreen နဲ့ ထုတ်လုပ်ဖို့ လုပ်ဆောင်ရမှာပါ။ trackpad နဲ့ stylus တို့ကို ပေါင်းစပ်လိုက်မယ်ဆိုရင် အားလုံးပျော်သွားမှာပါ။ Touch Bar ထက် ပိုပျော်မယ်ဆိုတာ လောင်းမလား။

၁။ PR ဌာနကို ပြင်ဆင်နိုင်တယ်
တကယ်လို့ Apple ဟာ သူ့ရဲ့သုံးစွဲသူတွေကို တကယ်ဂရုစိုက်တယ်ဆိုရင် public relation ဌာနကနေ သတင်းတွေကို နားထောင်နေရမှာပါ။ စာဖတ်သူတွေလည်း သတိထားမိမှာပါ။ Apple ရဲ့ ထုတ်ကုန်တွေနဲ့ ပွဲတွေအကြောင်းရေးသားပေးနေတဲ့သူတွေတောင်မှ Apple က လျစ်လျူရှုထားပါတယ်။ သူတို့အနေနဲ့ Apple ဆီကနေ သတင်းတွေကို ရင်းရင်းနှီးနှီးတောင်းခံနိုင်မယ်ဆိုရင် Apple အတွက်လည်း အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း ပွဲအခမ်းအနားနဲ့ ထုတ်ကုန်အသစ်တွေကို အကန့်အသတ်နဲ့ အသိပေးမယ်ဆိုရင်တောင် ဒီထက်ပိုကောင်းလာမယ်လို့ ထင်မြင်မိပါတယ်။

၂၀၁၈ မှာ Apple ဟာ အကျင့်သိက္ခာကောင်းမွန်တဲ့လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်မယ်ဆိုရင်တော့ public relations ဌာနနဲ့ပတ်သတ်ပြီး သုံးစွဲသူတွေရဲ့အမြင်ကို ဖြေရှင်းသင့်ပါတယ်။ သတင်းဖြန့်ဖို့အတွက် fanboy တွေကို အသုံးပြုမယ့်အစား Apple အနေနဲ့ အများနဲ့သက်ဆိုင်နေတဲ့ PR ဌာနကို ပြင်ဆင်လိုက်မယ်ဆိုရင်တော့ အလားတူအကျိုးသက်ရောက်မှုမျိုး ရနိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ပွဲအခမ်းအနားတွေနဲ့ ထုတ်ကုန်အသစ်တွေအကြောင်းကိုလည်း သတင်းဆရာတွေရဲ့ ရှုထောင့်ပေါင်းစုံကနေ ရေးသားချက်တွေကိုလည်း သိရှိရမှာပါ။ Apple အတွက် ပွင့်လင်းပြီးတော့ တုံ့ပြန်မှုမြန်ဆန်မယ်ဆိုရင်တော့ စိတ်ဆိုးပြီး တရားစွဲတာတွေ၊ နားလည်မှုလွဲလို့ တရားစွဲတာတွေကနေ နည်းပါးသွားနိုင်ပါတယ်။

၂၀၁၇ ကုန်ပြီဆိုတော့ ထားလိုက်ပါ။ နှစ်သစ်မှာ ဘယ်လိုမျိုး အံ့သြစရာကောင်းအောင်လုပ်မလဲဆိုတာကိုတာ တွေးလိုက်ကြရအောင်လား။