Trending

ဖေ့စ်ဘုတ် လို လူမှုကွန်ရက်ကြောင့် ဖြစ်သွားခဲ့သော လူသတ်မှုများ (အပိုင်း ၁)

သတိထားပါ။ လူမှုကွန်ရက်က ပို့စ်လေးတွေကြောင့် အသက်ပါဆုံးရှုံးရနိုင်တယ်။

လူမှုကွန်ရက်ဟာ ရူးကြောင်ကြောင်နိုင်တဲ့သူတွေ၊ စဉ်းစားဥာဏ်မရှိတဲ့သူတွေလည်း သုံးတဲ့နေရာတစ်ခုလို့ ပြောလိုက်မယ်ဆိုရင် နည်းနည်းများ လွန်သွားမလား။ ကျွန်တော်တို့ မတော်တဆတင်လိုက်မိတဲ့ ပို့စ်တွေ၊ tag လုပ်လိုက်တဲ့ ပုံတွေက တယောက်ယောက်ကို ထိခိုက်သွားတယ်ဆိုရင်တော့ ပြန်ဖျက်ပိုင်ခွင့် ကျွန်တော်တို့လက်ထဲမှာ ရှိနေပါတယ်။

ဒါပေမယ့် တချို့သောအမှားတွေကတော့ အသက်အန္တရာယ်ရှိသွားနိုင်ပါတယ်။ ကျွန်တော်တို့ဆီကို Facebook ၊ တွစ်တာပေါ်က ကွင်းဆက်လူသတ်သမားလာနေပြီဆိုရင် Firewall ၊ Antivirus တွေလည်း မကယ်နိုင်ပါဘူး။

ဒီအကြောင်းတွေက ဇာတ်ကားတွေထဲမှာသာ ရှိနိုင်တယ်လို့ သင့်အနေနဲ့ ယူဆနေတယ်ဆိုရင်တော့ အောက်မှာ တကယ်ဖြစ်သွားတဲ့ဖြစ်ရပ်မှန်တွေကို ဖော်ပြထားပါတယ်။ ဒါကြောင့် ကီးဘုတ်နောက်ကွယ်က လုပ်ဆောင်နေတာပဲဆိုပြီး လုံခြုံတယ်မထင်လိုက်ပါနဲ့။

 

၁။ Facebook ပို့စ်တစ်ခုကြောင့် မိန်းမဟောင်းကို သတ်လိုက်တဲ့ ယောက်ျား
Facebook ပေါ်မှာ မကျေနပ်ချက်တွေကို ဖွင့်အန်ခြင်းက အလုံခြုံဆုံးနည်းလမ်းလို့ ထင်ပါသလား။ နောက်ထပ်တစ်ခေါက်စဉ်းစားဖို့ လိုပါတယ်။ Lisa ဆိုတဲ့အမျိုးသမီးဟာ သူမရဲ့ခင်ပွန်းဟောင်း Adam ရဲ့ ကလေးအတွက် ထောက်ပံ့ကြေးနဲ့ ပတ်သတ်လို့ Facebook ပေါ်မှာ ရေးသားပြောဆိုခဲ့ပါတယ်။ သူမကို Block လုပ်တာထက် ပိုဆိုးတဲ့လုပ်ရပ်ကို လုပ်ခြင်းခံလိုက်ရပါတယ်။ လည်ပင်းကို မလှီးခင်မှာ တူနဲ့ ထုသတ်ခဲ့တာပါ။

၂။ Profile အတုနဲ့ ဆယ်ကျော်သက်ကောင်လေးတွေကို မြူဆွယ်ခဲ့တဲ့ အမျိုးသမီး
အသက် ၂၈ နှစ်အရွယ်ရှိ Natalia Burgess ဟာ Facebook နဲ့ Bebo profile အတုတွေလုပ်ပြီးတော့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ မိန်းမငယ်လေးတွေရဲ့ ပုံလေးတွေကို တင်ခဲ့ပါတယ်။ နောက်ပြီး ဆယ်ကျော်သက်ကျောင်းသားလေးတွေကို မြူဆွယ်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ယောက်နဲ့တွဲပြီး ပျက်သွားပြီဆိုရင် Facebook ပေါ်မှာ ကိုယ့်ကိုကိုယ်သတ်သေတာဖြစ်ဖြစ်၊ မတော်တဆမှုနဲ့ ဖြစ်ဖြစ် သူဖန်တီးထားတဲ့ ကောင်မလေးတွေကို သတ်ပစ်ပါတယ်။ တကယ်မသေဘူးဆိုပေမယ့်လည်း တွဲခဲ့တဲ့ကောင်လေးဘက်နေ ခံစားရမယ့် ခံစားချက်ကို တွေးကြည့်ပေးနိုင်ပါတယ်။

၃။ သူငယ်ချင်းကောင်မလေးFacebook အကောင့်ကို poke လုပ်လို့ အသတ်ခံရသူ
Poke မလုပ်ခင် စဉ်းစားပါ။ Scott Humphrey ကတော့ သူ့သူငယ်ချင်းကိုတော့ သတ်ခဲ့ပါတယ်။ Richard Royetto ဆိုတဲ့သူငယ်ချင်းကို မသေမချင်းလက်သီးနဲ့ ထိုးခဲ့တာပါ။ အကြောင်းရင်းက ဘာလဲ။ Richard က Scott ရဲ့ကောင်မလေး Faceboook အကောင့်ကို poke လုပ်လို့ပါ။ ဒီလိုအရေးမပါတဲ့ ခလုတ်လေးနဲ့ လူသတ်မှုတောင် ဖြစ်သွားတယ်ဆိုတော့ Facebook ကနေ ဖယ်ရှားသင့်ပါတယ်။

၎။ Relationship ကနေSingle ပြောင်းလိုက်လို့ ဇနီးဟောင်းကို သတ်ပစ်ခြင်း
ဒီလုပ်ရပ်ကတော့ ရန်ဖြစ်ပြီးတိုင်း မိန်းကလေးအများစု လုပ်တတ်တဲ့ အပြုအမူလို့ ဆိုနိုင်ပါတယ်။ In a relationship ကနေ Single ပြောင်းပစ်ခြင်းပါ။ Sarah ကတော့ သူ့ဘ၀နဲ့ လဲလိုက်ရမယ်ဆိုတာ သူမသိခဲ့ပါဘူး။ သူ့ရဲ့ခင်ပွန်းဟောင်းက သူ့ကိုယ်သူ သတ်မသေခင်မှာ သူ့မိန်းမကို အရင်သတ်သွားခဲ့ပါတယ်။

၅။ လူသတ်မှုအကြောင်း ထည့်ဆိုခဲ့တဲ့ ရက်ပ်ပါတစ်ဦး
Richard Alden Samuel McCroskey lll ကတော့ ကိုယ်တိုင်ရေးဆို ရက်ပ်ပါတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ရိုးရိုးရက်ပ်ပါမဟုတ်ဘဲ ကြောက်စရာဖြစ်ပါတယ်။ သူဟာ MySpace မှာ Syko Sam နာမည်နဲ့ သူ့ရဲ့သီချင်းကို ကြော်ငြာခဲ့ပါတယ်။ လန့်စရာအကောင်းဆုံးအပိုင်းကတော့ သူ့ရဲ့ဖုံးကွယ်ထားတဲ့ လူသတ်မှုကို ဖော်ပြခဲ့သလို ဖြစ်နေပါတယ်။ သီချင်းစာသားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

သွေးစက်၊ အသေသတ်၊ မဒိန်းကျင့်
ရုပ်ပျက်ဆင်းပျက်တွေကို ငါကြိုက်သလို ငါ့နေရာကို ပြန်ယူလာ
သတ်ဖြတ် ခုတ်ထစ် အင်း မင်း-င်အတွက် ငါလာနေပြီ
ငါက မင်းကို သတ်ပစ်ပြီး မင်း ခန္ဓာကိုယ်ဆွေးမြေ့သွားအောင်ထားမယ်
လမ်းကြားထဲက အမှောင်ရိပ်ထဲမှာ မင်းကို ထားခဲ့မယ်

မရှင်းတာတစ်ခုကတော့ လူသတ်ပြီးမှ ဒီစာသားကိုရေးတာလား၊ စာသားရေပြီးမှ လူသတ်ခဲ့တာလားဆိုတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ သူ့ကို ထောင်ဒဏ်သတ်မှတ်ခဲ့ပါတယ်။

၆။ အကောင့်မပေးလို့ အဖေကို ပစ်သတ်ခဲ့တဲ့ ဆယ်ကျော်သက်
ဒီဂျစ်တယ်ခေတ်မှာ ကလေးတွေဟာ အခန်းထဲမှာပဲ အပြစ်ပေးခံရတော့တာ မဟုတ်ပါဘူး။ သူတို့ကို လူမှုကွန်ရက်တွေမသုံးခိုင်းခြင်းကလည်း အပြစ်တစ်ခုပါပဲ။ ကလေးအများစုကတော့ မရရအောင် ကြိုးစားဝင်ရောက်ကြပါလိမ့်မယ်။ ဒါပေမယ့် Hughstan Schlicker ကတော့ အဲဒီလို မဟုတ်ပါဘူး။ Schlicker ဟာ သူ့အဖေကို 12-gauge shotgun နဲ့ ပစ်သတ်လိုက်တုန်းက သူ့အသက် ၁၅နှစ်သာ ရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ MySpace အကောင့် သုံးခွင့်မပေးလို့ပါ။

၇။ Facebook သုံးပွင့်ဆိုင်အချစ်ကြောင့် မဆီမဆိုင်သေခဲ့သူ
ကျွန်တော့အနေနဲ့ ရဲရဲကြီးပြောရဲတာကတော့ သူများ wall ကို ကိုယ့်wall လိုသဘောထားပြီး ရန်ဖြစ်တာ၊ status တင်တာ ကြုံဖူးကြမယ်ထင်ပါတယ်။ ဒီလိုဆိုရင်တော့ block ပစ်တာနဲ့ အဆုံးသတ်ကြပါလိမ့်မယ်။ ဒါပေမယ့် Torrie Lyn Emery နဲ့ Danielle Booth တို့ကတော့ အဲဒီလို မဟုတ်ခဲ့ပါဘူး။

ဒီမိန်းကလေးနှစ်ယောက်ဟာ Facebook ပေါ်မှာ တစ်နှစ်လောက် အကျဉ်းကျနေတဲ့ ကောင်လေးတစ်ယောက်အတွက်နဲ့ တစ်နှစ်လောက် ရန်ဖြစ်ခဲ့ကြပါတယ်။ တစ်နေ့မှာတော့ သူတို့နှစ်ယောက်ရဲ့ ရန်ဖြစ်မှုဟာ နောက်တစ်ဆင့်ကို ရောက်သွားပါတယ်။ Torrie  ဟာ Daniele ဟာ သူငယ်ချင်းတစ်ယောက်နဲ့ ကားမောင်းနေတာကို မြင်လိုက်ပါတယ်။ Danielle ရဲ့ သူငယ်ချင်းကို သတ်ဖို့အတွက် ထရပ်ကားနဲ့တိုက်မိအောင် လုပ်ဆောင်ခဲ့ပါတယ်။

၈။ MySpace ဓါတ်ပုံကစခဲ့တဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းရဲ့ အဆုံးသတ်
ကျွန်တော်တို့အနေနဲ့ ရည်းစားအသစ်ရရင် ပို့တတ်၊ တင်တတ်ကြတယ်ဆိုတာ မဆန်းပါဘူး။ ဒါဟာ လုံခြုံတယ်၊ လက်ခံလို့ရတယ်လို့ တွေးလို့ပါပဲ။ ဒါပေမယ့် Sarah Ludemann ဟာ Rachel Wade ရဲ့ရင်ဘတ်မှာမီးဖိုချောင်ဓါးနဲ့ထိုးခြင်းကို ပြုလုပ်ခဲ့ပါတယ်။ အကြောင်းကတော့ Rachel Wade ဟာ သူမရဲ့ Josh ဆိုတဲ့ ကောင်လေး၊ Sarah ရဲ့ ရည်းစားနဲ့ တွဲရိုက်ထားတဲ့ပုံတွေကို တင်ခဲ့လို့ပါ။

၉။ Facebook ရဲ့ သေစာရင်း
ဒီဇာတ်လမ်းလေးကတော့ အတော်လေးစိတ်ချောက်ချားစရာကောင်းပြီးတော့ ဒီကနေ့အထိ မဖြေရှင်းနိုင်သေးပါဘူး။ ကိုလံဘီယာက ဆယ်ကျော်ဆက်သုံးယောက်ဟာ အကြောင်းပြချက်မဲ့ ပစ်သတ်ခြင်း ခံရပါတယ်။ ငါးရက်လောက်ကြာတဲ့အခါမှာတော့ သူတို့ရဲ့နာမည်တွေဟာ Facebook ရဲ့ သေစာရင်းဆိုပြီးတော့ ထွက်ပေါ်လာတဲ့အထဲမှာ ပါနေတာကို တွေ့ရပါတယ်။ သုံးရက်အကြာမှာ အဲဒီထဲက စာရင်းပါနေတဲ့ဆယ်ကျော်သက်တွေ ထပ်အသတ်ခံရပါတယ်။ ဒါဟာ စာရင်းထဲမှာပါနေတဲ့ ဆယ်ကျော်သက်တွေရဲ့ မိသားစုတွေ ထိတ်လန့်ကုန်ပါတယ်။ သူတို့ထွက်ပြေးတိမ်းရှောင်သွားတဲ့အခါမှာတော့ သတ်ဖြတ်မှုက ရပ်တံ့သွားပါတယ်။

၁၀။ သူ့သူငယ်ချင်းအသတ်ခံရမှုအကြောင်း တွစ်တာမှာတင်ခဲ့တဲ့ လူတစ်ယောက်
ဒါကတော့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းရဲ့ ဆိုးရွားသောအဆုံးသတ်တစ်ခုပါ။ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ Jameg Blake နဲ့ Kwame Dancy တို့ဟာ အမျိုးသမီးတစ်ဦးနဲ့ပတ်သတ်ပြီး တွစ်တာမှာ စနောက်နေခဲ့ကြပါတယ်။ တစ်နေ့မှာတော့ တွစ်တွေပို့ပြီး စနောက်နေရင်းက Jameg ဟာ သူ့သူငယ်ချင်းကို shotgun နဲ့ လည်ပင်းကိုပစ်သတ်ခဲ့ပါတယ်။ နောက်ဆုံး ပို့ခဲ့တဲ့ တွစ်ကတော့ R.I.P. Kwame ဖြစ်ပါတယ်။

 

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org