ဖုန်းဆက်၊ မက်ဆေ့ခ်ျပို့နိုင်မယ့် ကမ္ဘာ့အသေးငယ်ဆုံးသော စမတ်ဖုန်း

0
1999

အဲဒီဖုန်းသေးသေးလေးက ဖုန်းခေါ်ဆိုခြင်း၊ မက်ဆေ့ခ်ျပေးပို့လက်ခံခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ စမတ်ဖုန်းရဲ့ အရွယ်အစားက သေးငယ်သွားလေလေပိုကောင်းလေလေပဲ ဖြစ်ပါတယ်။ စမတ်ဖုန်းတွေရဲ့ အဆင့်မြင့်လာမှုနဲ့အတူ ဆန့်ကျင်ဘက်ကတော့ လူတွေဟာ ပိုကြီးတဲ့ဖုန်း၊ မျက်နှာပြင်ကျယ်တဲ့ဖုန်းတွေကို ရှာလာကြပါတယ်။

ဒါပေမယ့် ကုမ္ပဏီတစ်ခုကတော့ စမတ်ဖုန်းတွေလွှမ်းမိုးထားတဲ့ ကမ္ဘာကြီးမှာ ဖုန်းအသေးတစ်လုံးကလည်း အလုပ်လုပ်နိုင်သေးသလို အသုံးဝင်နိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ဒီဖုန်းအသေးလေးဟာ သာမန်ဖုန်းတစ်လုံးမဟုတ်ပါဘူး။ flash drive ထက်တောင် သေးငယ်တဲ့ ကမ္ဘာ့အသေးဆုံး ဖုန်းတစ်လုံး ဖြစ်ပါတယ်။

 

ကမ္ဘာ့အသေးငယ်ဆုံးဖုန်းဖြစ်တဲ့ Zanco tiny t1 ကို မိတ်ဆက်ခြင်း

 

မိုဘိုင်းလ်ဖုန်းတစ်လုံး လုပ်ဆောင်နိုင်တဲ့ အခြေခံလုပ်ဆောင်ချက်တွေအားလုံး လုပ်ဆောင်နိုင်ပါတယ်။

USB flash drive ထက် သေးငယ်ပြီးတော့ လက်ဆောင်ပေးမယ်ဆိုရင်လည်း ချစ်စရာကောင်းပါတယ်။

 

Zanco tiny t1 နဲ့ အကြွေစေ့ကို နှိုင်းယှဉ်ပြထားပုံ

ဖုန်းလေးက ဘယ်လောက်တောင် သေးငယ်သလဲဆိုတော့အတိုင်းအတာတွေကို သိချင်နေမှာပေါ့။ ဒီဖုန်းလေးကနေ ရနိုင်တဲ့ feature တွေက

ဒီဖုန်းလေးရှိတယ်ဆိုတာ တကယ်ယုံလား

၂၀၁၈ အတွက် ရှိသင့်တဲ့အရာတစ်ခုပါ

Zanco tiny t1 ဟာ သူ့ရဲ့alphanumerical ကီးဘုတ်လေးနဲ့ ဖုန်းနံပါတ် ၃၀၀ လောက်အထိ မှတ်သားထားနိုင်ပါတယ်။ ဘတ်ထရီကတော့ 200mAh ဖြစ်ပြီးတော့ display ကလည်း သေးပါတယ်။ ဒါကြောင့် ဘတ်ထရီမစားပါဘူး။ ဒီအတိုင်းထားမယ်ဆိုရင် သုံးရက်လောက် ခံပါတယ်လို့ ဆိုပါတယ်။

စကားပြောမယ်၊ မက်ဆေ့ခ်ျပို့မယ်ဆိုတဲ့ လုပ်ဆောင်ချက်ကို အပြည့်အ၀လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း Zanco က ပြောပြပါတယ်။ ဒီဖုန်းလေးနဲ့ စကားပြောမယ်ဆိုရင်တော့ ၁၈၀ မိနစ်အထိ အသုံးပြုနိုင်မှာဖြစ်ပြီး nano-SIM card နဲ့ 2G network ပါဝင်ပါတယ်။

Zanco ဟာ နှစ်ပေါင်းများစွာကြာအောင် သေးငယ်တဲ့ဖုန်းလေးတွေကို ထုတ်လုပ်မှုအပိုင်းမှာ အထူးပြုလေ့လာနေခဲ့တာပါ။ tiny t1 ကို ဟာသတစ်ခုကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ မားကတ်တင်း ကုမ္ပဏီဖြစ်တဲ့ Cubbit ဟာ Fly mioro ဖုန်းတစ်လုံးကို Zanco နဲ့ ပူးပေါင်းပြီးတော့ နမူနာပုံစံငယ်လေး ထုတ်ခဲ့ပါသေးတယ်။

Tiny t1 ကို ဟာသတစ်ပုဒ်အနေနဲ့ စတင်လုပ်ဆောင်ခဲ့ရပါတယ်။

ဖုန်းကြီးကြီးတွေကိုလည်း မသယ်ချင်ဘူး၊ အဆက်အသွယ်လည်းရှိနေချင်တယ်ဆိုရင်တော့ အကောင်းဆုံးပစ္စည်းလေးပါပဲ။

ခရီးသွားတဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ အကောင်းဆုံးပါပဲ။

Clubbit ဟာ Zanco အနေနဲ့ ဒီလိုသေးငယ်ပြီးတော့ ဒီဇိုင်းလှပအောင်လုပ်ဆောင်တဲ့အပိုင်းမှာ အံ့သြမှု ဖြစ်ရပါတယ်လို့ ဆိုပါတယ်။ Zanco ရဲ့ တည်ထောင်သူဖြစ်တဲ့ Shazad Talib ကတော့ micro phone ရဲ့ တစ်ဝက်လောက်ကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ တစ်ဆယ့်ရှစ်လ အကြာမှာတော့ tiny t1 ဟာ ထွက်ပေါ်လာပါတယ်။

Zanco ဟာ Kickstarter campaign မှာ စတင်ပြီးတော့ ဖန်ငွေစုဆောင်းခဲ့ပါတယ်။ ဒေါ်လာ ၁၅၂၀၀၀ လောက် ရရှိခဲ့ပြီးသားလို့ ရေးသားထားပါတယ်။

မေးစရာရှိတာကတောဲ့ဒီလိုဖုန်းလေးကို လူတွေက ၀ယ်ယူဖို့ စဉ်းစားကြပါ့မလား။ သင်ဆိုရင်ရော။ ဖြေကြည့်ခဲ့ပါဦး။ ဘာကြောင့် ၀ယ်မလဲ၊ မ၀ယ်ဘူးဆိုတာကို။